– – – ကမ္ဘာကျော် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကီယောင် Running Man မှာ ဘယ်လို ပွဲကြမ်းထားတယ်ဆိုတာကို ပုံနှိပ်ဖတ်ပါ။
SBS က သူတို့ရဲ့ Running Man မှာ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကီယောင် ပါဝင်ထားတဲ့ Preview ကို ချပြလိုက်ပြီ ဖြစ်ပါတယ်။ Preview မှာ “Running Man” အဖွဲ့ဝင်တွေဟာ လက်ဝှေ့လေ့ကျင့်ပြီး တစ်ဦးကို စနောက်တဲ့ ပုံစံနဲ့ စတင်ထားပါတယ်။
အဲဒီနောက်မှာတော့ Kim Jong Kook က “ပက်ကီယောင် လာမယ်လို့ ကြားတာနဲ့ ခင်ဗျားတို့ အားလုံး ကြောက်ဒူးတုန်နေကြတာလား”လို့ အဖွဲ့ဝင်တွေကို မေးခွန်းမေးတာကို တွေ့ရမှာပါ။
သိပ်မကြာခင်မှာ RM အဖွဲ့ဝင်တွေ၊ ရိုက်ကူးရေးလုပ်သူတွေရဲ့ အားပေးမှုနဲ့အတူ့ပက်ကီယောင် ဝင်လာတာကို မြင်တွေ့ရမှာဖြစ်ပြီး သူဟာ Yoo Jae Suk နဲ့ Yang Se Chan တို့ရဲ့ နာမည်ကတ်တွေကို တစ်ခဏအတွင်း ပြုတ်ပစ်တာကို မြင်တွေ့ရမှာပါ။
နောက်ဆုံးမှာတော့ ပက်ကီယောင်နဲ့ RM အဖွဲ့ဝင်တွေ လက်ဝှေ့ကြိုးဝိုင်းထံမှာ ဂိမ်းစ်ကစားကြပြီး ပြိုင်ဘက်ရဲ့ အင်္ကျီမှာ သတ်မှတ်ထားတဲ့ နေရာတွေကို ထိုးဖို့ ကြိုးစားတာကို တွေ့ရမှာပါ။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ပက်ကီယောင်နဲ့ Kim Jong Kook တို့ရဲ့ ပွဲပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကီယောင်ရဲ့ အလန်းစား Preview ကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။
Source: Soompi