K pop

■ Jin က စပြီး BTS အဖွဲ့ဝင်တွေ အစဉ်လိုက်အတိုင်း စစ်မှုထမ်းမယ်လို့ Big Hit Music ကြေညာ

– – – စစ်မှုထမ်းရွှေ့ဆိုင်းဖို့ တောင်းဆိုချက်ကို ရုတ်သိမ်းလိုက်ပြီးနောက်မှာ BTS အဖွဲ့ဝင်တွေ ဘယ်လို စစ်မှုထမ်းမယ်ဆိုတဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

BTS အဖွဲ့ဝင် Jin ဟာ စစ်မှုထမ်းရွှေ့ဆိုင်းဖို့ တောင်းဆိုချက်ကို ရုတ်သိမ်းလိုက်ပြီးနောက်မှာတော့ ဒီနှစ်မကုန်ခင်မှာ စစ်မှုတာဝန် ထမ်းဆောင်သွားဖို့ ရှိနေပါတယ်။ BTS အဖွဲ့ဝင်တွေရဲ့ စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ Big Hit Music ရဲ့ ထုတ်ပြန်ချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ Jin အနေနဲ့ Solo သီချင်း ထုတ်ဝေပြီးနောက်မှာ စစ်တပ်ရဲ့ ဆင့်ခေါ်မှုအရ စစ်မှုထမ်းဖို့ အောက်တိုဘာလကုန်ပိုင်းလောက်မှာ စတင်လုပ်ဆောင်သွားမှာဖြစ်ပြီး အဲဒီနောက် အဖွဲ့ဝင်တွေ အစဉ်လိုက်အတိုင်း စစ်မှုထမ်းမှာဖြစ်ကာ ၂၀၂၅ လောက်မှာ အဖွဲ့လိုက် ပြန်ဆုံဖို့ ရည်မှန်းထားပါတယ်။

၁၉၉၂ မှာ မွေးဖွားတဲ့ Jin ဟာ အခုနှစ်မှာ ကိုရီးယားလို အသက် (၃၀) ပြည့်တာကြောင့် စစ်မှုထမ်းတာဝန်ကို ရွှေ့ဆိုင်းဖို့ မရတော့ဘဲ သိပ်မကြာခင်မှာ စစ်မှုထမ်းရတော့မှာ ဖြစ်ပါတယ်။

Source: Yonhap

You cannot copy content of this page