K pop

■ အလုပ်သွားတဲ့အခါတိုင်း Kim Woo Bin နားထောင်လေ့ရှိတဲ့ EXO အဖွဲ့ဝင် သီချင်း

– – – နာမည်ကျော် မင်းသား Kim Woo Bin နားထောင်လေ့ရှိတဲ့ EXO အဖွဲ့ဝင်အကြောင်း ပုံကို နှိပ်ပြီး ဖတ်ပါ။

ကိုရီယားနာမည်ကျော်မင်းသား Kim Woo Bin က သူ့အနေနဲ့ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားတွေ ရိုက်ကူးဖို့ သွားတဲ့အချိန်တိုင်း EXO အဖွဲ့ဝင် D.O. ရဲ့ သီချင်းတွေကို နားထောင်လေ့ရှိတယ်လို့ သူ့ရဲ့ Instagram က တစ်ဆင့် ဖွင့်ဟခဲ့ပါတယ်။

Kim Woo Bin ဟာ Instagram story မှာ D.O. ရဲ့ “Bite” သီချင်း screenshot နဲ့အတူ “Do Kyung Soo ရဲ့ သီချင်းလေးနဲ့ အလုပ်ကို ဒိုးပြီ”လို့ ရေးသားခဲ့တာပါ။ “Bite” သီချင်းဟာ KBS ရုပ်သံထုတ်လွှင့်တဲ့ ‘Bad Prosecutor’ မှာ D.O. ကိုယ်တိုင်သီဆိုထားတဲ့သီချင်းဖြစ်တဲ့ အဓိကဇာတ်ကောင်ကလည်း D.O. ပဲ ဖြစ်ပါတယ်။

Kim Woo Bin က သူဟာ EXO အဖွဲ့ဝင် D.O. ရဲ့ ပရိသတ်ဖြစ်ပြီး သူတို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ ဖွင့်ဟထားသူ ဖြစ်ပါတယ်။ သူဟာ EXO နဲ့ D.O. ရဲ့ သီချင်းတွေကို နားထောင်လေ့ရှိပြီး D.O. ရဲ့ “Rose” သီချင်းကို အကြိုက်ဆုံးလို့လည်း ဆိုထားပါတယ်။

Source: Koreaboo

You cannot copy content of this page