K pop

■ လွန်ခဲ့တဲ့(၉)နှစ်က အရှက်ရဖွယ် ဓာတ်ပုံရဲ့ဖြစ်ရပ်မှန်ကို Yuri ရှင်းလင်း

— – -Home Screen နဲ့ ဖုန်းပြောနေတဲ့ Yuri ရဲ့ ဓာတ်ပုံဟာ အခုတိုင် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံနေရဆဲဖြစ်ပြီး အဲဒီဓာတ်ပုံရဲ့ ဖြစ်ရပ်မှန်ကတော့ …

Girls’ Generation အဖွဲ့ဝင် Yuri ဟာ လွန်ခဲ့တဲ့ (၉)နှစ်က အရှက်ရဖွယ် သူမရဲ့ ဓာတ်ပုံတစ်ပုံနဲ့ ပတ်သက်ပြီး Elle Korea မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အကြောင်းစုံကို ရှင်းပြခဲ့ပါတယ်။

အဲဒီအင်တာဗျူးဟာ ပရိသတ်တွေရဲ့ မေးခွန်းတွေကို Yuri က ဖြေကြားရတာဖြစ်ပြီး ပရိသတ်တစ်ဦးက လွန်ခဲ့တဲ့ (၉)နှစ်က Yuri ရဲ့ ဓာတ်ပုံကို ပြကာ “အဲဒီတုန်းက ဖုန်းပြောချင်ယောင် ဆောင်နေခဲ့တာလား”လို့ မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကို ကြားတဲ့အခါမှာတော့ Yuri ဟာ အရမ်းဝမ်းသာသွားခဲ့ပြီး “ကောင်းလိုက်တဲ့ မေးခွန်း။ ဒီမေးခွန်းကို ကျွန်မ သေလောက်အောင် ဖြေရှင်းနေတာ”လို့ ပြောကာ အကြောင်းစုံကို ရှင်းပြခဲ့တာပါ။

Yuri က “အဲဒီဓာတ်ပုံ ၂၀၁၁ တုန်းကလေ ဟုတ်တယ်မလား။ အဲဒီဓာတ်ပုံကြောင့် ကျွန်မ နောက်ပြောင်ခံနေရတာ (၉)နှစ် ရှိပါပြီ။ အခုထိလည်း နောက်ပြောင်ခံနေရတုန်းပါပဲ။ ဒီဓာတ်ပုံနဲ့ ပတ်သက်လို့ ကျွန်မမှာ ပြောစရာတွေ အများကြီး ရှိပါတယ်။ ဒီဓာတ်ပုံ ရယ်စရာ ကောင်းတယ်။ လှောင်ပြောင်စရာ ကောင်းတယ်ဆိုတာကို ကျွန်မ လက်ခံပါတယ်။

ဒါပေမဲ့ အဲဒီဓာတ်ပုံက ကျွန်မ ဖုန်းပြောပြီးချိန်မှာ ရိုက်မိခဲ့တာပါ။ ဖုန်းပြောပြီးနောက်မှာ ကျွန်မအနေနဲ့ ဖုန်းချခဲ့သင့်ပေမဲ့ အလျင်လိုနေတာကြောင့် ဖုန်းကို သတိမရဘဲ နားမှာ ကပ်ရင်း ကျွန်မ လမ်းလျှောက်နေခဲ့တာပါ။ အဲဒီအချိန်မှာ ဒီဓာတ်ပုံကို ရိုက်မိတာပါ။ ကျွန်မ ဟန်ဆောင်တာ မဟုတ်ကြောင်း ကျိန်ပြောရဲပါတယ်။ အဲဒီတုန်းက ဗီဒီယိုရိုက်ထားသူများ ရှိမလား ကျွန်မ သိချင်လိုက်တာ”လို့ ဆိုခဲ့ပါတယ်။

— ဃဲ
Source: Elle Korea & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page