K pop

■ OMEGA X အဖွဲ့ဝင်တွေနဲ့ Spire Entertainment’s CEO တို့အကြား ဘာတွေဖြစ်ခဲ့လဲ။ ဘာတွေ ပြောခဲ့လဲ ?

– – – ကိုယ်ထိလက်ရောက် ပြုမှုခြင်း၊ နှုတ်အားဖြင့် စော်ကားတွေ ကျူးလွန်ခဲ့တဲ့ OMEGA X အဖွဲ့ဝင်တွေနဲ့ Spire Entertainment’s CEO တို့အကြား ပြဿနာအကြောင်း အပြည့်အစုံကို ပုံနှိပ်ပြီး ဖတ်ပါ။

SBS News က Spire Entertainment ရဲ့ CEO ဖြစ်သူ Kang Seong Hee အနေနဲ့ OMEGA X အဖွဲ့၊ အထူးသဖြင့် အဖွဲ့ဝင် Jaehan ကို အမေရိကန်၊ လော့စ်အိန်ဂျယ်လိစ်မှာ ကိုယ်အား နှုတ်အားဖြင့် စော်ကားခဲ့တဲ့ ဗီဒီယိုကို ထုတ်ပြခဲ့ပါတယ်။ အဲဒီဗီယိုမှာ သူတို့အကြား ပြောခဲ့ကြတာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Kang: ကဲ … မင်းတို့ ပြောစမ်း။ မင်းတို့က လူတွေ အချစ်ခံဖို့ ထိုက်တန်တယ် ထင်လား။ ငါ – မသားတွေ။ အချစ်ခံရတယ်ဆိုတာ ဘာလဲ မင်းတို့သိလား။ ေ-ာက်ကောင်တွေ။

Kang: မင်းတို့ အခု superstars ဖြစ်သွားပြီလား။ မင်းတို့ ဒီနေရာကို ကိုယ်ဘာကိုယ် ရောက်လာတယ် ထင်နေလား။

အဲဒီနောက်မှာ အားကုန်နေပုံရတဲ့ Jaehan ဟာ ထင်လိုက်ပြီး ပင်ပန်းလွန်းလို့ တက်မယ့်ပုံစံမျိုး မြင်တွေ့ရပါတယ်။ ဒါပေမဲ့ Kang ဟာ သူ့ကို သနားခြင်း မရှိဘဲ အခုလို ဆက်ပြောခဲ့တာပါ။

Kang: ပင်ပန်းလို့ သေတော့မယ်ပေါ့ ဟုတ်လား Kim Jaehan! သနားစရာကောင်းလိုက်တာ Mister Kim နင် တစ်ချိန်လုံး နေမကောင်းဖြစ်နေတာ။ Idol လုပ်မနေနဲ့တော့။

တခြား OMEGA X အဖွဲ့ဝင်တစ်ယောက်က Jaehan ကို ကာကွယ်ပြောကြားတဲ့ အသံကြားရပြီး Kang ကို ထပ်မဆူဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ Kang ရဲ့ ဒေါသတွေကတော့ ဆက်လက်ရှိနေပြီး ပေါက်ကွဲနေတုန်းပါပဲ။

Kang: နင် မထသေးဘူးလား။ ထစမ်း… ထစမ်း။

OMEGA X: အစ်မရေ … မလုပ်ပါနဲ့။ ရပ်လိုက်ပါတော့။

Kang: ငါ ဘယ်နှကြိမ် မေ့လဲဖူးလဲ နင်တို့ သိလား။

OMEGA X: အခု သူ နေမကောင်းလို့ပါ။

Kang: ငါလည်း နေကောင်းတာ မဟုတ်ပါဘူး။ တစ်ကိုယ်လုံး သေမလောက် နာနေတာ။

အဖွဲ့ဝင်တွေက Jaehan ကို မတ်တပ်ရပ်နိုင်အောင် ကူညီခဲ့ပြီး အဲဒီအချိန်မှာ Kang က တစ်ဖွဲ့လုံးကို ဒေါသပေါက်ကွဲပါတော့တယ်။

Kang: ဟဲလို၊ ငါ မေ့လဲတုန်းကတော့ နင်တို့ တစ်ကောင်မှ အခုလို ငါ့ကို ဂရုမစိုက်ကြဘူးနော်။ ငါ ဘယ်နှကြိမ် မေ့လဲခဲ့တဲ့ နင်တို့သိလား။ အခုချက်ချင်း ထစမ်း … Kim Jaehan!

Jaehan က ထပြီးနောက်မှာ အဖွဲ့ဝင်တွေက သူ့ကို အဆင်ပြေရဲ့လား မေးခဲ့ကြပြီး Kang ကတော့ Jaehan ကို သရုပ်ဆောင်နေတာလို့ ဆိုပါတယ်။ Kang က Jaehan တမင်တကာ လုပ်နေတာလို့ စွပ်စွဲပါတော့တယ်။

OMEGA X: အစ်မရေ … တော်လိုက်ပါတော့။

Kang: နင်တို့ ငါ့ကို တော်စေချင်တော့ပေါ့။

OMEGA X: (Jaehan ကို) မင်း အဆင်ပြေရဲ့လား။

Kang: နင် ဟန်ဆောင်နေတာ မဟုတ်လား။

(Jaehan ကားဆီ လမ်းလျှောက်)

Kang: ဟေ့… နင် အဲဒီမှာ ရပ်နေ။ ငါ့ကို အရူး လာမလုပ်နဲ့။ နင် နေမကောင်းချင်ယောင် ဆောင်နေတာ သိသာတယ်။

တားမရမှန်းသိတဲ့ Kang က ကားသမားကို တံခါး ပိတ်ထားဖို့ ညွှန်ကြားသံ ကြားရပါတယ်။

OMEGA X: ကားကို ဖွင့်ခိုင်းရမလား။ လမ်းလျှောက် ပြန်ကြမလား။ 12 blocks ပဲ ဝေးတာဆိုတော့။

OMEGA X အဖွဲ့ဝင်တွေ လော့စ်အိန်ဂျယ်လိစ်မြို့က ဟိုတယ် lobby ကို ရောက်တဲ့အခါမှာလည်း Kang ဟာ မရပ်သေးဘဲ အဖွဲ့ဝင်တွေကို သူမကို သိပ်ဂရုမစိုက်တဲ့အပေါ် ဝမ်းနည်းနေပုံရပြီး lobby မှာ အော်ဟစ်ပါတော့တယ်။

Kang: မင်းတို့ ငါ့အတွက် ဘာလုပ်ပေးခဲ့လဲ။ ငါ ခက်ခဲနေတုန်း မင်းတို့ ငါ့ကို ဂရုစိုက်ခဲ့လို့လား။ တော်တော့ ..

OMEGA X: …

Kang: မင်းတို့ကို မင်းတို့ ဘာထင်နေလဲ။ မင်းတို့ကို မင်းတို့ ဘာထင်နေလဲ။

OMEGA X: တစ်ယောက် သတိမေ့သွားပြီး။

Kang: ငါလည်း ဖြစ်ဖူးတာပဲ။

Jaehan ဟာ သူ့အခန်းကို သွားဖို့အတွက် ဓာတ်လှေကား စီးဖို့ ကြိုးစားရာမှာတော့ Kang ဟာ သူ့ကို ဒေါသတကြီး ဆွဲခဲ့တာကြောင့် လဲကျသွားခဲ့ပါတယ်။ အဲဒီအချိန် တခြားအဖွဲ့တွေက Jaehan က ထူဖို့ ကြိုးစားကြပြီး Kang က မထနိုင်တဲ့သူကို ရန်စောင်နေတုန်းပါပဲ။

Kang: အခု ချက်ချင်း ပြန်ထစမ်း

OMEGA X: ခင်ဗျား ဘာတွေလုပ်နေတာလဲ

ဗီဒီယိုက အဲဒီမှာ ပြီးသွားပါတယ်။

Source: SBS News

You cannot copy content of this page