K pop

■ အကောင်းဆုံး Idol Actor အဖြစ် ချီးကျူးခံရတဲ့ EXO အဖွဲ့ဝင်

– – – Idol တွေအနေနဲ့ သရုပ်ဆောင်အလုပ်ကို လုပ်ရာမှာ အစတုန်းက ဝေဖန်ခံရတာတွေ ရှိခဲ့ပေမဲ့ အခုတော့ Idol တွေရဲ့ အရည်အသွေးကို သံသယမဝင်ရဲကြတော့ပါဘူး။ အကောင်းဆုံး Idol Actor အဖြစ် ရွေးချယ်ခံရတဲ့ EXO အဖွဲ့ဝင်အကြောင်း ပုံနှိပ်ပြီး ဖတ်ပါ။

Mubeat နဲ့ Ilgan Sports တို့က “The idol who’s even good at acting is?” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်တမ်းတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး အဲဒီစစ်တမ်းမှာ မဲပေးရွေးချယ်သူပေါင်း 365,935 အထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ကြပါတယ်။

အဲဒီ မဲပေးသူ 365,935 ထဲမှာ 658,988 နဲ့ EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ D.O. က အကောင်းဆုံး Idol Actor အဖြစ် Rain, IU, YoonA တို့လို နာမည်ကျော်တွေကို ကျော်ကာ နံပါတ် (၁) အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ D.O. ဟာ K-Pop မှာ အဖွဲ့နဲ့ တစ်ကိုယ်တော်အဖြစ် အောင်မြင်သူဖြစ်သလို၊ ဇာတ်လမ်းကား၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရာမှာ သူ့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ဝေဖန်သူတွေဆီမှာရော၊ လုပ်ဖော်ကိုင်ဖက်တွေဆီမှာပါ ချီးကျူးခံရသူပါ။

D.O. ဟာ ၂၀၂၂ မှာ Bad Prosecutor ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပြီး အဲဒီဇာတ်လမ်းတွဲမှာ နိုင်ငံတကာမှာ အောင်မြင်ခဲ့သလို၊ D.O. အနေနဲ့ ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ ချီးကျူးခြင်းခံခဲ့ရပါတယ်။

Source: KSZ

You cannot copy content of this page