– – – K-Pop မှာမှ မဟုတ်ပါဘူး။ ဒါမျိုး ဆက်ဆံရတာဟာ ကမ္ဘာပေါ်မှာ မရှိသင့်တော့ပါဘူး။ လူမြင်ကွင်းမှာတောင် ဒီလောက်ဖြစ်နေရင် ကွယ်ရာမှာဆိုရင်တော့ …
OMEGA X အဖွဲ့ဟာ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ 2022 OMEGA X WORLD TOUR [CONNECT: Don’t give up] မှာ ကုမ္ပဏီ CEO ဖြစ်သူရဲ့ နှုတ်ဖြင့် ဆဲဆိုခြင်း၊ ကိုယ်ထိလက်ရောက် နှိပ်စm်ခြင်းကို ခံခဲ့ရတာပါ။
အောက်တိုဘာ (၂၃) ရက်မှာ Spire Entertainment ရဲ့ CEO ဖြစ်သူ Kang Seong Hee ဟာ OMEGA X အဖွဲ့ဝင်တွေကို နှုတ်အားဖြင့် ဆဲဆိုခြင်း၊ လက်ထိလက်ရောက်ပြုမှုခြင်းတွေကို ပရိသတ်တစ်ဦးက ဗီဒီယိုရိုက်ကူးပြီး အဲဒီဗီဒီယို အွန်လိုင်းမှာ ပြန့်ခဲ့တာကြောင့် ဟိုးလေးတစ်ကျော် ဖြစ်ခဲ့ပါတယ်။
CEO: မင်းတို့ ငါ့အတွက် ဘာလုပ်ပေးခဲ့လဲ။ ငါ ခက်ခဲနေတုန်း မင်းတို့ ငါ့ကို ဂရုစိုက်ခဲ့လို့လား။ တော်တော့ ..
Member: …
CEO: မင်းတို့ကို မင်းတို့ ဘာထင်နေလဲ။ မင်းတို့ကို မင်းတို့ ဘာထင်နေလဲ။
Member: တစ်ယောက် သတိမေ့သွားပြီး။
CEO: ငါလည်း ဖြစ်ဖူးတာပဲ။
*တစ်ယောက် လဲကျသံကြားရ*
Member: အိုး …
CEO: အခု ချက်ချင်း ပြန်ထစမ်း
Member: ခင်ဗျား ဘာတွေလုပ်နေတာလဲ
*ရိုက်နှက်သံများ*
*တစ်စုံတစ်ယောက်ရဲ့ ငိုသံ*
Source: Celuv Media and SBS