K pop

■ CEO ကြောင့် ရဲတွေရဲ့ စစ်ဆေးခံရခဲ့ပြီး လေယာဉ်လက်မှတ်ကိုယ်တိုင် ဝယ်ပြန်ခဲ့ရတဲ့ OMEGA X အဖွဲ့

– – – လေယာဉ်လက်မှတ်တွေကို အေဂျင်စီက Cancel လုပ်လိုက်ပြီးနောက်မှာတော့ OMEGA X အဖွဲ့ဝင်တွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

SBS News က အောက်တိုဘာ (၂၄) ရက်မှာ OMEGA X အဖွဲ့ဝင်တွေနဲ့ မန်နေဂျာဖြစ်သူတို့ဟာ ကိုရီယားကို ပြန်လာခဲ့တယ်လို့ သိရပါတယ်။ ပထမက လော့စ်အိန်ဂျယ်လိစ် concert အပြီး အောက်တိုဘာ (၂၃) ရက်မှာ ပြန်ဖို့ စီစဉ်ထားပေမဲ့ သူတို့အေဂျင်စီက လက်မှတ်တွေကို cancel လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် OMEGA X အဖွဲ့ဝင်တွေဟာ အိမ်က ပိုက်ဆံတွေ လှမ်းမှာပြီး လေယာဉ်လက်မှတ်ကို ကိုယ်တိုင် ဝယ်ခဲ့ရတယ်လို့ သိရပြီး လေယာဉ်လက်မှတ်က တစ်စောင်ကို ₩975,000 KRW (ကန်ဒေါ်လာ 675 ခန့်) ကုန်ကျတယ်လို့ သိရပါတယ်။

Spire Entertainment ရဲ့ CEO ဖြစ်သူ Kang Seong Hee ဟာ OMEGA X အဖွဲ့ဝင်တွေကို ကိုယ်အား နှုတ်အားနဲ့ စော်ကားပြီးနောက်မှာတော့ လေယာဉ်လက်မှတ်တွေကို Cancel လုပ်ခဲ့တာလို့ သိရပြီး OMEGA X အဖွဲ့ဝင်တွေဟာ ကိုယ့်ပိုက်ဆံကိုယ်စိုက်ပြီး ပြန်လာခဲ့ရတာ ဖြစ်တယ်လို့ SBS က ဖော်ပြခဲ့တာပါ။

Source: SBS

You cannot copy content of this page