K pop

■ တစ်နှစ်အတွင်း သီချင်း (၂) ပုဒ် Perfect-All-Kill ရတဲ့ K-Pop အဖွဲ့ (၄) ဖွဲ့

– – – ၂၀၂၂ အတွင်း (G)I-DLE အဖွဲ့အနေနဲ့ သီချင်း (၂) ပုဒ် PAK ရခဲ့တာ ဖြစ်ပြီး အရင် အဲဒီလို ရဖူးတဲ့ အဖွဲ့တွေအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

PAK – Perfect-All-Kill ဆိုတာ ကိုရီယားရဲ့ MelOn, Genie, Bugs, Flo, Vibe real-time charts, daily charts, weekly charts နဲ့ Top 100 စတဲ့ iChart weekly/real-time chart တွေမှာ နံပါတ် (၁) ရတဲ့ သီချင်းတွေသာ ရလေ့ရှိပြီး ကိုရီယားအဆိုတော်တွေ၊ အဖွဲ့တွေ အလိုချင်ဆုံးဆိုရင်လည်း မမှားပါဘူး။

တစ်နှစ်အတွင်း သီချင်း (၂) ပုဒ် PAK – Perfect-All-Kill ရဖို့ဆိုတာ အရမ်းကို ခက်ပြီး သမိုင်းတစ်လျှောက် အဲဒီလို စွမ်းဆောင်နိုင်တဲ့ K-pop အဖွဲ့ (၄) ဖွဲ့ပဲ ရှိပါတယ်။ သူတို့ကတော့ …

1. 2NE1


“K-pop Queen” လို့ တင်စားကြတဲ့ 2NE1 အဖွဲ့ဟာ K-Pop အဖွဲ့တွေထဲမှာ ပထမဆုံး PAK ရတဲ့ အဖွဲ့အဖြစ် မှတ်တမ်းဝင်ထားသလို၊ ၂၀၁၁ ခုနှစ်မှာ “Lonely” နဲ့ “I AM THE BEST” တို့က PAK ရခဲ့တာပါ။

 

2. BIGBANG

ဒီလို ဂုဏ်ယူစရာကောင်းတဲ့ မှတ်တမ်းပါဝင်တဲ့ တစ်ဖွဲ့တည်းသော အမျိုးသားအဖွဲ့ ဖြစ်ပါတယ်။ BIGBANG ဟာ ၂၀၁၅ မှာ “Loser”၊ “Let’s not fall in love” တို့နဲ့ တစ်နှစ်အတွင်း သီချင်း (၂) ပုဒ် PAK ရခဲ့တာ ဖြစ်ပါတယ်။

 

3. TWICE


ပွဲထွက်ကတည်းက ကိုရီယားမှာ တဟုန်ထိုးအောင်မြင်ခဲ့တဲ့ TWICE အဖွဲ့ဟာ ၂၀၁၆ မှာ “CHEER UP”၊ “TT” သီချင်း (၂) ပုဒ် PAK ရခဲ့တာ ဖြစ်ပါတယ်။

 

4. (G)I-DLE


၂၀၂၂ မှာ အကောင်းစားသီချင်းတွေကို ထုတ်ဝေခဲ့တဲ့ (G)I-DLE အဖွဲ့ကတော့ “TOMBOY”၊ “Nxde” သီချင်း (၂) ပုဒ် PAK ရခဲ့တာပါ။

Source: KSZ

You cannot copy content of this page