K pop

■ ရင်သားခွဲစိတ်ထားတယ်လို့ စွပ်စွဲခံနေရတဲ့ aespa အဖွဲ့ဝင်

– – – စွပ်စွဲသူက လက်ခံလောက်တဲ့ အချက်အလက်တွေကို ချပြထားပြီး ရင်သားခွဲစိတ်ထားတယ်လို့ စွပ်စွဲခံနေရတဲ့ aespa အဖွဲ့ဝင်အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

aespa အဖွဲ့ခေါင်းဆောင် Karina ဟာ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ချောမောလှပတဲ့ ရုပ်ရည်ကြောင့် ချီးကျူးခံရသူ ဖြစ်ပါတယ်။ Sojang You Tube Channel ကတော့ Karina ဟာ ရင်သားခွဲစိတ်မှု ပြုလုပ်ထားတယ်လို့ စွပ်စွဲခဲ့တာပါ။

Karina ဟာ ပွဲထွက်ကတည်းက ခါးသေးရင်ချီ ခန္ဓာကိုယ်အချိုးအစားကြောင့် ပရိသတ်တွေရဲ့ ချီးကျူးခြင်း ခံခဲ့ရသူဖြစ်ပေမဲ့ သူမရဲ့ ခန္ဓာကိုယ်နဲ့စာရင် ကြီးထွားတဲ့ ရင်သားတွေကြောင့် ပရိသတ်အချို့ရဲ့ သံသယဝင်ခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

သူတို့က TWICE ခေါင်းဆောင် Jihyo ကို ဥပမာထားပြီး Jihyo အနေနဲ့ လက်မောင်းကြွက်သားတွေကို ဝိတ်ချလိုက်တဲ့အခါ ရင်သားလည်း အနည်းငယ်ကျုံးသွားပေမဲ့ Karina ကတော့ လက်မောင်းသေးသေးလေးသာ ရှိပေမဲ့ ရင်သားက ကြီးထွားနေတာကို ထောက်ပြခဲ့ကြပါတယ်။

နောက်တစ်ခုကတော့ ရင်သားခွဲစိတ်မှု ပြုလုပ်ထားတယ်လို့ စွပ်စွဲခံနေရတဲ့ LE SSERAFIM အဖွဲ့ခေါင်းဆောင် Kim Chaewon ရဲ့ ရင်ဘက်နားမှာ ခွဲစိတ်ထားပုံရတဲ့ အမာရွက်ရှိသလို၊ Karina မှာလည်း ရှိနေတယ်လို့ ပုံတွေနဲ့တကွ သက်သေပြခဲ့ပါတယ်။

လက်ရှိ အင်တာနက်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေကို ကြည့်မယ်ဆိုရင် Karina ရဲ့ ချိုင်း(ဂျိုင်း)မှာ ခွဲစိတ်ထားပုံရတဲ့ အမာရွက်ရှိနေတာကို မြင်တွေ့ရမှာပါ။ (အောက်က ပုံမှာ ကြည့်နိုင်ပါတယ်)။

Sojang You Tube Channel က ဒီအချက်တွေကို အဓိကထားပြီး Karina ရဲ့ ရင်သားက အစစ်မှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ခဲ့တာပါ။

aespa အဖွဲ့ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ MYs အချို့ကတော့ Karina ဟာ ပင်ကိုထွားတာပါလို့ ထောက်ပြခဲ့ကြပေမဲ့ ပရိသတ်အများစုကတော့ ခြေတွေ၊ လက်တွေသေးသလို slim body မှာ ရင်သားပဲ ကွက်ကြီးနေတာကတော့ ပင်ကိုလို့ ယုံဖို့ခက်တယ်လို့ ပြောဆိုနေကြပါတယ်။

Source: KSZ

You cannot copy content of this page