K pop

■ မောင်ဖြစ်သူအပေါ် IU ကျူးလွန်ခဲ့တဲ့ အဆိုးရွားဆုံးလုပ်ရပ်

— – – အဲဒီလုပ်ရပ်ဟာ IU ရဲ့ Memory မှာ စွဲထင်နေဆဲဖြစ်ပြီး အခုအချိန်ထိ နာကျင်နေရတုန်းပါပဲ …

နာမည်ကျော် အဆိုတော်၊ မင်းသမီး IU ဟာ သူမရဲ့ မောင်အရင်းဖြစ်သူ Lee Jong Hoon နဲ့အတူ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို သူမရဲ့ YouTube channel မှာ တင်ခဲ့ပါတယ်။

အင်တာဗျူးပုံစံမျိုး ရိုက်ကူးထားတာဖြစ်ပြီး သူတို့ငယ်ငယ်တုန်းက IU က တစ်ချိန်လုံး သူ့ကို ရိုက်ခဲ့တယ်လို့ Lee Jong Hoon က ဖွင့်ဟခဲ့ပါတယ်။ “အဲဒီတုန်းက မမရဲ့ ထိန်းချုပ်မှုအောက်မှာ ကျွန်တော် နေခဲ့ရတယ်”လို့ Lee Jong Hoon က ဆိုပါတယ်။

IU က Lee Jong Hoon ရဲ့ စကားကို ထောက်ခံခဲ့ပြီး “အဲဒီအတွက် မမ တောင်းပန်ပါတယ် မောင်လေး”ဆိုပြီး ပြောဆိုခဲ့တာပါ။ ဆက်ပြီးတော့ IU က Lee Jong Hoon ဒေါသပေါက်ကွဲပြီး သူမကို ပြန်ဖိုက်ခဲ့တဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

“ကျွန်မကြောင့် သူ(Lee Jong Hoon) ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ တစ်ခါတော့ သူဟာ မခံမရပ်ဖြစ်ပြီး စက်ရုပ်အရုပ်နဲ့ ကျွန်မကို ပစ်ပေါက်ခဲ့တာပါ။ ဒါပေမဲ့ သူ ပစ်ပေါက်လိုက်တဲ့ စက်ရုပ်က ကျွန်မကို မထိဘဲ နောက်က နာရီကို သွားထိတယ်။ အဲဒီနာရီက ကျွန်မကို ခေါင်းပေါ် ပြုတ်ကျခဲ့တာပါ။ အဲဒီတုန်းက နာကျင်ခဲ့ရတာက ကျွန်မဖြစ်ပေမဲ့ Lee Jong Hoon ဟာ စိတ်မကောင်းဖြစ်ပြီး ငိုခဲ့တယ်”လို့ IU က ဆိုပါတယ်။

အဲဒီနောက်မှာ IU က Lee Jong Hoon အပေါ် ကျူးလွန်ခဲ့တဲ့ အဆိုးရွားဆုံးလုပ်ရပ်တစ်ခုကို ပြောပြခဲ့တာပါ။ “သူ့ကို အဆိုးရွားဆုံး ကျွန်မ ဆက်ဆံခဲ့တာပါ။ အဘွားအခန်းထဲမှာ သော့ခတ်ပြီး ထားခဲ့တာပါ။ အဲဒီတုန်းက ဒေါသတွေ တအား ထွက်နေတာကြောင့် သူ့ကို အသားတုန်တွန်းပြီး အဘွားအခန်းထဲမှာ သော့ပိတ်ထားခဲ့တာ ဖြစ်ပါတယ်”လို့ IU က ပြောပြခဲ့ပါတယ်။

အဲဒီစကားကို ပြောနေချိန်မှာ IU ရဲ့ မျက်နှာ ဝမ်းနည်းရိပ်တွေ ပေါ်နေပြီး “အဲဒီတုန်းက နင့်ကို အသားတုန် တွန်းခဲ့တာ။ နင့်ကျော အဆင်ပြေရဲ့လား”လို့ မောင်ဖြစ်သူကို ဂရုဏာသက်စွာနဲ့ မေးမြန်းခဲ့ပါတယ်။ အဲဒီမေးခွန်းကို Lee Jong Hoon က အစ်မဖြစ်သူ ရယ်မောအောင် ပြန်ဖြေခဲ့ပါတယ်။

“အခုတော့ ဒီအကြောင်းကို မမ ပြောပြီပေါ့။ အဲဒီတုန်းက မမ အဲဒီလိုလုပ်ခဲ့လို့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို လိုချင်သလို လှုပ်လို့တောင် မရတော့ဘူး”ဆိုပြီး Lee Jong Hoon က နောက်ပြောင်ခဲ့တာပါ။ IU က ငယ်စဉ်တုန်းက မောင်ဖြစ်သူကို ရိုက်နှက်ခဲ့တာကြောင့် အခုအချိန် သူတို့ရဲ့ ဆက်ဆံရေးက သိပ်နွေးထွေးမှုမရှိဘူးလို့ GQ Korea နဲ့ အင်တာဗျူးမှာ ဝန်ခဲ့ပြီး မောင်လေးတွေကို မရိုက်နှက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

— ဃဲ
Ref: IU TV & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page