K pop

■ Itaewon ဖြစ်ရပ်ဆိုးကြောင့် Album ထုတ်မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တဲ့ EXO အဖွဲ့ဝင်

– – – လူပေါင်း ၁၅၀ ထက် မနည်း သေဆုံးခဲ့တဲ့ Itaewon ဖြစ်ရပ်ဆိုးကြောင့် Album ထုတ်မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တဲ့ EXO အဖွဲ့ဝင်အကြောင်း ပုံကိုနှိပ်ပြီးဖတ်ပါ။

EXO အဖွဲ့ဝင် Chen ဟာ သူ့ရဲ့ တတိယမြောက် solo mini album ဖြစ်တဲ့ ‘Last Scene’ ကို ထုတ်ဝေမယ့် နေ့ရက်ကို Itaewon ဖြစ်ရပ်ဆိုးကြောင့် ရွှေ့ဆိုင်းလိုက်တယ်လို့ သူ့ရဲ့ အေဂျင်စီ SM Entertainment က ထုတ်ပြန်ခဲ့ပါတယ်။

SM Entertainment ရဲ့ ထုတ်ပြန်ချက်မှာ “မင်္ဂလာပါ SM Entertainment က ဖြစ်ပါတယ်။ အောက်တိုဘာ (၃၁) ရက်နေ့ ထုတ်ဝေဖို့ စီစဉ်ထားတဲ့ Chen ရဲ့ တတိယမြောက် mini-album ဖြစ်တဲ့ ‘Last Scene’ ထုတ်ဝေမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါပြီ။

အခုလို ဆုံးဖြတ်ရတာဟာ အောက်တိုဘာလ (၂၉) ရက်ညက Itaewon မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဆိုးကြောင့် ဖြစ်ပြီး Chen ရဲ့ album ကို စောင့်နေကြတဲ့ ပရိသတ်တွေကို နားလည်ပေးကြဖို့ ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်။

Chen ရဲ့ တတိယမြောက် mini-album ‘Last Scene’ ကို စိတ်ဝင်စားကြတဲ့ ပရိသတ်တွေကို ကျွန်တော်တို့ ရိုးသားစွာနဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ထုတ်ပြန်မယ့်ရက်ကို နောက်ပိုင်းမှာ Confrim လုပ်သွားမှာပါ။ ကျေးဇူးတင်ပါတယ်”လို့ ဖော်ပြပါရှိတယ်။

Itaewon ဖြစ်ရပ်ဆိုးကြောင့် K အနုပညာလောကက သီချင်းသစ် ထုတ်မယ့်ကိစ္စတွေ၊ ပွဲတွေကို ရွှေ့ဆိုင်းခဲ့ကြပြီး အဲဒီဖြစ်ရပ်ဆိုးမှာ အသက်ဆုံးရှုံးသူတွေအတွက် ဝမ်းနည်းကြောင်း ပြသခဲ့တာပါ။ EXO အဖွဲ့ဝင် Chen ရဲ့ ‘Last Scene’ MV teaser ကို အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။

Ref: Allkpop

You cannot copy content of this page