– – – တရုတ်မှာ Taylor Swift ကို ကျော်ပြီး နံပါတ်အဖြစ် (၁) အဖြစ် ရပ်တည်ခဲ့တဲ့ BLACKPINK အဖွဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
နာမည်ကျော် တောင်ကိုရီယား အမျိုးသမီး K-Pop အဖွဲ့ BLACKPINK ရဲ့ “BORN PINK” ဟာ တရုတ်နိုင်ငံမှာ အရောင်းရဆုံး အမျိုးသမီး Digital Album အဖြစ် စံချိန်သစ်တင်နိုင်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
BLACKPINK အဖွဲ့ရဲ့ ၂၀၂၂ အောက်တိုဘာလထုတ် “BORN PINK” Album ဟာ တရုတ်နိုင်ငံမှာ ဒီနှစ်အတွင်း အချပ်ရေ 814,000 digital albums အထိ ရောင်းချခဲ့ရပြီး ကမ္ဘာကျော် အမေရိကန်အဆိုတော် Taylor Swift ကိုကျော်ကာ အရောင်းရဆုံး အမျိုးသမီး Digital Album အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Taylor Swift ရဲ့ “Midnights” မှာ တရုတ်နိုင်ငံမှာ အချပ်ရေ 554,000 digital albums ရောင်းချခဲ့ရပြီး သူ့နောက်မှာတော့ (G)I-DLE အဖွဲ့ရဲ့ “I Never Die” အချပ်ရေ 534,000 digital albums နဲ့ တတိယနေရာ ရပ်တည်နေပါတယ်။
BLACKPINK အဖွဲ့ဟာ လက်ရှိမှာ သူတို့ရဲ့ “BORN PINK” World Tour ကို ဖျော်ဖြေနေပြီး ၂၀၂၃ နှစ်စပိုင်းမှာတော့ အရှေ့တောင်အာရှနဲ့ အာရှနိုင်ငံတွေမှာ ဖျော်ဖြေသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Ref: Allkpop