K pop

■ ကိတ်မုန့်စားပုံကို ဝေဖန်တဲ့ပရိသတ်ကို ချစ်စဖွယ်တုံ့ပြန်ခဲ့တဲ့ Rosé

– – – အနေအေးသလို ဘယ်အရာကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ Rosé က ကောင်းကောင်းသိပါတယ်။

BLACKPINK အဖွဲ့ (၃) နှစ်ပြည့် အထိမ်းအမှတ်တုန်းက သူတို့ဟာ အောင်ပွဲခံတဲ့အနေနဲ့ (၂) ထပ်ကိတ်တစ်ခုကို စားခဲ့ကြပါတယ်။ BLACKPINK အဖွဲ့ဝင် (၄) ဦးဟာ ခရင်းတွေနဲ့ ကိတ်ရဲ့အပေါ်လွှာကနေ စတင်စားသောက်ခဲ့တာပါ။

အဲဒီအချိန်မှာ V Live လွှင့်နေတာဖြစ်လို့ ပရိသတ်တွေအနေနဲ့ သူတို့ရဲ့စားသောက်ပုံကို တိုက်ရိုက်ကြည့်ရှုခွင့် ရရှိခဲ့ပါတယ်။ အဲဒီမှာ ပရိသတ်တစ်ယောက်က အလိုမကျတဲ့ပုံစံနဲ့ “နင်တို့ ကိတ်ကို ဘယ်လိုစားနေကြတာလဲ”ဆိုပြီး မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကြောင့် BLACKPINK အဖွဲ့ဝင်တွေနည်းနည်းစိတ်ကသိကအောက်ဖြစ်သွားပုံပေါ်ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ Rosé က “ကျွန်မတို့ကတော့ ကိတ်မုန့်ကို ဒီလိုပဲစားတယ်။ အခုကစပြီး အားလုံးလည်း ဒီနည်းကို သင်ယူသင့်တယ်”လို့ အပြုံးကလေးနဲ့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

Idol တွေရဲ့ လူနေမှုဘဝဟာ ကြပ်တည်းလွန်းပြီး အမှားသေးသေးလေးတစ်ခုကအစ ပရိသတ်တွေဟာ ဝေဖန်ထိုးနှက်လေ့ရှိပါတယ်။

Rosé အနေနဲ့ သူတို့ရဲ့ ထိုးနှက်မှုကို ဂရုမစိုက်ဘဲ အခုလိုတုံ့ပြန်ခဲ့တာက ပညာသားပါတယ်လို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။

– ဃဲ
Ref: Koreaboo

You cannot copy content of this page