— – – ဒါက Jimin အတွက် အလွန်တန်ဖိုးရှိပုံရပြီး ဒါကိုသိမ်းထားခဲ့တာ (၉) နှစ်ကျော်သွားခဲ့ပါပြီ။
လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုသလို လူတွေရဲ့ တန်ဖိုးထားမှုတွေက ကွာခြားပါတယ်။ BTS Jimin ကတော့ အမှတ်တရတွေကို သိမ်းဆည်းတတ်သူအဖြစ် နာမည်ကြီးသူဖြစ်ပါတယ်။
Jimin ဟာ BTS အဖွဲ့ရဲ့ Concert Banner တွေကို သိမ်းထားလေ့ရှိသူဖြစ်ပါတယ်။ သိပ်မကြာခင်က ထုတ်လွှင့်ခဲ့တဲ့ V Live တစ်ခုမှာတော့ Jimin ဟာ လွန်ခဲ့တဲ့ (၉) နှစ်ကျော်က သိမ်းထားခဲ့တဲ့ အမှတ်တရကတ်လေးတစ်ခုကို ထုတ်ပြခဲ့ပါတယ်။
Jimin အမြတ်တနိုးသိမ်းထားတဲ့ကတ်လေးကတော့ ၂၀၁၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့က BTS အဖွဲ့ Lotte Duty Free ကို ပထမဆုံးသွားရောက်ခဲ့တုန်းက ရရှိခဲ့တဲ့ ကတ်လေးဖြစ်ပါတယ်။
Jimin ဟာ အဲဒီကတ်လေးကို သူ့ရဲ့ပိုက်ဆံအိတ်ထဲမှာ သိမ်းထားခဲ့တာဖြစ်ပြီး တလောက ထုတ်လွှင်ခဲ့တဲ့ V Live မှာ ပြသခဲ့တာဖြစ်ပါတယ်။
— ဃဲ
Ref: Koreaboo