Cele

■ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ချင်တဲ့ Seo Ye Ji ရဲ့ Ideal Type

— – – It’s Okay to Not Be Okay ဇာတ်လမ်းတွဲမှာ Visual တွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ Seo Ye Ji ရဲ့ Ideal Type ကတော့ …

tvN ရဲ့ It’s Okay to Not Be Okay ဇာတ်လမ်းတွဲနဲ့အတူ တောက်ပလာတဲ့ Seo Ye Ji ပေါ်ပြူလာဖြစ်လာမှုကို ပရိသတ်တွေ မြင်တဲ့အတိုင်းပါပဲ။

ဒါကြောင့် Seo Ye Ji အပေါ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု မြင့်တက်နေပြီး Seo Ye Ji ရဲ့ Ideal Type ဟာ ဘယ်လိုဖြစ်မလဲဆိုတာ သိချင်နေကြပါတယ်။

Seo Ye Ji က “ကျွန်မရဲ့ အနာဂတ်အမျိုးသားလောင်းက နှလုံးသားကြီးမား(စိတ်သဘောထားကြီးသူကို ဆိုလို)ပြီး ဆုံးဖြတ်ချက် ခိုင်မာသူ ဖြစ်စေချင်ပါတယ်။ အဲဒီလို personality ရှိသူမျိုးကို ကျွန်မ အရမ်းသဘောကျပါတယ်။

အဲဒီလိုမျိုး personality ရှိပြီး မျက်လုံးက ဆွဲဆောင်မှုရှိပြီဆိုရင် ဘယ်သူဖြစ်ဖြစ် ကျွန်မအတွက် ကိစ္စမရှိပါဘူး။ ရုပ်ချောနေတာမျိုးထက် အတွင်းစိတ်လှတာမျိုးကို ကျွန်မအတွက် ပိုအရေးကြီးပါတယ်”လို့ ဆိုခဲ့ပါတယ်။

Seo Ye Ji ဟာ ၁၉၉၀ ခုနှစ်မှာ မွေးဖွားတာဖြစ်လို့ အခုဆို အသက် (၃၀) ကျော်ပြီးဖြစ်ပြီး သိပ်မကြာတော့တဲ့ အနာဂတ်မှာ သူမရဲ့ ဘဝလက်တွဲဖော်ကို မြင်တွေ့ရမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

— ဃဲ
Ref: KSL & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page