K pop

■ အတုယူစရာကောင်းတဲ့ Jackson ရဲ့ ဘာသာစကားလေ့လာနည်း

– – – ဘာသာစကား (၄) မျိုးလောက် ပြောတတ်တဲ့ Jackson ရဲ့ ဘာသာစကားလေ့လာနည်းကတော့ အတုယူစရာပါပဲ။

GOT7 အဖွဲ့ဝင် Jackson ဟာ မက်ဒရင်း (တရုတ်)၊ ကိုရီးယား၊ အင်္ဂလိပ်နဲ့ ပြင်သစ် စကားတွေကို ကောင်းကောင်း ပြောနိုင်သူ ဖြစ်ပါတယ်။

GOT2DAY အစီအစဉ်မှာတော့ Jackson က သူ ဘာသာစကားတွေ ဘယ်လိုလေ့လာခဲ့တယ်ဆိုတာ ပြောပြခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ Jinyoung က သူ အင်္ဂလိပ်စာလေ့လာနေကြောင်း ပြောကြားခဲ့ပြီး Jackson ရဲ့ ဘာသာစကားစွမ်းရည်ကို ချီးကျူးခဲ့ပါတယ်။

“မင်း (Jackson)ရဲ့ ကိုရီးယားစကားပြောက ငါတို့ထက်တောင် ပိုကောင်းနေတယ်။ ဒီရက်ပိုင်း ငါ အင်္ဂလိပ်စာ လေ့လာနေတယ်။ မင်းမှာ ဘာသာစကားနဲ့ ပတ်သက်ပြီး အာဝဇွန်းရှိတယ်လို့ ငါ ယုံတယ်။ ဘာသာစကားတွေကို လုံးဝ Perfect မပြောနိုင်ဘူးဆိုရင်တောင် မင်းက တော်တော်များများကို ကျကျနနပြောနိုင်တယ်။ မင်းက ကွန်ပျူတာတစ်လုံးလိုပဲ”- Jinyoung

Jinyoung ရဲ့ စကားကို ကြားပြီးနောက်မှာတော့ Jackson က သူ့ရဲ့ ဘာသာစကား လေ့လာနည်းကို ပြောပြခဲ့ပါတယ်။

“တကယ်လို့ အစ်ကိုအနေနဲ့ ဘာသာစကားတစ်ခုခုကို လေ့လာတော့မယ်ဆိုရင် သူတို့ရဲ့ ယဉ်ကျေးမှုကို အရင်သိထားသင့်တယ်။ သူတို့ရဲ့ ယဉ်ကျေးမှုကို နားလည်လာမယ်ဆိုရင် သူတို့ရဲ့ ဟာသတွေကို လေ့လာရမယ်။ ပြီးတော့ သူတို့ရဲ့ စိတ်နေသဘောထား။ ဒါတွေကို လေ့လာရမယ်။ ပြီးတော့ သူတို့ရဲ့ entertainment shows တွေကို ကြည့်သင့်တယ်။ ကျွန်တော်ကတော့ ဘာသာစကားတွေကို အဲဒီနည်းနဲ့ လေ့လာတာပါပဲ”- Jackson

Jackson ရဲ့ ဘာသာစကားလေ့လာနည်းက သဘောကျစရာကောင်းပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့နဲ့ သူတို့ရဲ့ ဟာသတွေကို အရင်သိတာက ဘာသာစကားလေ့လာရာမှာ အလွန်ကို အထောက်အကူဖြစ်မှာ သေချာပါတယ်။

– ဃဲ
Ref: Koreaboo

You cannot copy content of this page