— – – V ဟာ K လောကမှာ နာမည်ကျော်တွေနဲ့အလွန်ရင်းနှီးသူဖြစ်ပြီး အားလပ်ရက်အတွင်း သူတွေ့ဆုံနိုင်တဲ့ သူငယ်ချင်းတွေကို Koreaboo ဝက်ဆိုက်က ဖော်ပြခဲ့ပါတယ်။
1. Ha Ji Won
နာမည်ကျော်မင်းသမီးကြီး Ha Ji Won ဟာ V နဲ့ အလွန်ရင်းနှီးတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၈ PyeongChang ဆောင်းရာသီအိုလံပစ်မှာ အတူပါဝင်ဆင်နွှဲခဲ့ကြပြီး အားလပ်တဲ့အချိန်မျိုးမှာ အတူတွေ့ဆုံလေ့ရှိတယ်လို့ သိရပါတယ်။
2. Park Seo Joon
Hwarang ဇာတ်လမ်းတွဲရိုက်ကူးရင်း V နဲ့ Park Seo Joon တို့ ခင်မင်ရင်းနှီးခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ တစ်ဦးကိုတစ်ဦး အားပေးလေ့ရှိတယ်လို့ သိရပါတယ်။
3. Park Bo Gum
Music Bank မှာ MC လုပ်ရင်း သူတို့နှစ်ယောက် ခင်မင်ခဲ့ကြတာပါ။ Park Bo Gum က BTS ရဲ့ Concert တွေကို ပရိသတ်တွေနဲ့အတူတိုးဝှေ့ရင်း ကြည့်ရှုလေ့ရှိသလို V ကလည်း Park Bo Gum ကို အကတောင် သင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
4. Jang Moon Bok
Produce 101 ပြိုင်ပွဲဝင်ဟောင်း Jang Moon Bok ဟာ V နဲ့ အထက်တန်းကျောင်းသူဘဝကတည်းက ရင်းနှီးခဲ့တာဖြစ်ပါတယ်။ V ဟာ Jang Moon Bok နဲ့ သူငယ်ချင်းဆက်ဆံရေးကို အလေးထားသူဖြစ်ပြီး တစ်ခါတလေအတူစားသောက်တာမျိုး ရှိတယ်လို့ သိရပါတယ်။
5. BTOB Sungjae
V နဲ့ BTOB အဖွဲ့ဝင် Sungjae တို့က Music Bank မှာ တွေ့ဆုံခဲ့ကြတာပါ။ V က သူနဲ့အတူ (၉၅) ခုနှစ်ဖွားဖြစ်တဲ့ Sungjae ကို ခင်ခင်မင်မင်နေရအောင်လို့ အရင်ချဉ်းကပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ အဲဒီကတည်းက ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသူပါ။
6. Park Hyung Sik
Hwarang ဇာတ်လမ်းတွဲမှာ ခင်မင်ခဲ့သူဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ တစ်ဦးကိုတစ်ဦး အားပေးလေ့ရှိသူတွေဖြစ်ပြီး V အနေနဲ့ Park Hyung Sik ဆီကို သွားလည်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
– ဃဲ
Ref: Koreaboo