– – – သူတို့နှစ်ယောက်က သရုပ်ဆောင် တန်းဖြစ်လာတာမဟုတ်ဘဲ သာမန်လူတွေကို ဘဝကို ရုန်းကန်ခဲ့ကြရ …
မင်းသား Jung Hae In နဲ့ မင်းသမီး Kim Go Eun တို့ဟာ လက်ရှိမှာ ကိုရီးယားရဲ့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ သရုပ်ဆောင်မဖြစ်ခင် အချိန်ပိုင်းအလုပ်တွေ လုပ်ခဲ့ကြပါတယ်တဲ့။
Jung Hae In ဟာ FNC Entertainment နဲ့ စာချုပ်ချုပ်ပြီး ၂၀၁၃ ခုနှစ်ထုတ် AOA BLACK အဖွဲ့ရဲ့ Moya သီချင်းနဲ့ စတင်ပြီး သရုပ်ဆောင်လောကကို ဝင်ရောက်ခဲ့တာပါ။
“ကျွန်တော် အဝတ်ရောင်းတဲ့ စတိုးဆိုင်တစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ အင်္ကျီဆိုက် ရှာရတာက တကယ်ခက်တယ်ဗျာ။ အလုပ်စဆင်းတုန်းကဆိုရင် ဝယ်သူတွေအတွက် အင်္ကျီဆိုက်တွေ ရှာရင်း ကျွန်တော် အတော်လေး တိုင်ပတ်ခဲ့ပါတယ်”
– Jung Hae In
Kim Go Eun ကတော့ ၂၀၁၂ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ A Muse မှာ ပါဝင်ခဲ့ပြီး အဲဒီကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပါ။
“ကျွန်မ ခေါက်ဆွဲဆိုင်မှာ အချိန်ပိုင်း လုပ်ဖူးသလို၊ မြို့တော်ခန်းမမှာ recorder အဖြစ်လည်း လုပ်ဖူးပါတယ်။ အဲဒါတွေ မတိုင်ခင်က အဝတ်အစားဝတ်ပြရတဲ့ မော်ဒယ်အဖြစ်ရော၊ ကော်ဖီဆိုင်တွေမှာ အချိန်ပိုင်းတွေ လုပ်ခဲ့ပါတယ်။ တစ်နေ့ ခေါက်ဆွဲဆိုင်မှာ အလုပ်လုပ်နေတုန်း လူတစ်ယောက်က မင်း နာမည်ကျော်ဖြစ်လာလိမ့်မယ်လို့ ကျွန်မကို ပြောဆိုခဲ့ပါတယ်”
– Kim Go Eun
လက်ရှိမှာတော့ Jung Hae In နဲ့ Kim Go Eun တို့ဟာ အောင်မြင်တဲ့လမ်းကြောင်းတွေပေါ် လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
– ဃဲ
Ref: Koreaboo