– – – နောက်ဆုံးမှာတော့ Superjunior အဖွဲ့ဝင် Heechul ဟာ သူတွဲခဲ့တဲ့ ကောင်မလေးတွေအကြောင်းကို ဖွင့်ချလိုက်ပါပြီ။
Heechul ဟာ KBS ရုပ်သံရဲ့ One Percent Friendship အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ အဲဒီအစီအစဉ် မှာ Special Guest အဖြစ် Joo Jin Woo ပါဝင်ခဲ့ပြီး သတင်းထောက်ဖြစ်တဲ့ Joo Jin Woo က Heechul ရဲ့ အကြောင်းကို စပ်စုခဲ့တာဖြစ်ပါတယ်။
Joo Jin Woo က “ မင်းအနေနဲ့ ကောင်မလေးတွေ အများကြီးနဲ့ Date လုပ်ခဲ့မယ်ထင်တယ်” လို့ ပြော ဆိုခဲ့ပါတယ်။ အဲဒီအခါ Heechul က “ ကျွန်တော့်အလုပ်က လူတိုင်းသိတဲ့အတိုင်းပါပဲ။ လူအများကြီး နဲ့ ဆက်ဆံနေရတာဆိုတော့ ကျွန်တော့်ကို ကောင်မလေးတွေအများကြီးနဲ့ Date လုပ်နေကြတယ်လို့ လူတွေက ထင်ကြပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။
အဲဒီအခါမှာ အစီအစဉ်ရဲ့ MC ဖြစ်တဲ့ Ahn က “ မင်းတွဲခဲ့ဖူးတဲ့ ကောင်မလေးအရေအတွက် ဘယ်လောက်ရှိလဲဆိုတာ တိတိကျကျပြောပြစမ်းပါ” ဆိုပြီး မေးမြန်းခဲ့ပါတယ်။
အဲဒီမေးခွန်းကိုတော့ Heechul က “ ခင်ဗျားတို့ကတော့ ကျွန်တော်တွဲခဲ့တဲ့ ကောင်မလေးအရေအ တွက်ဟာ ဂဏန်း(၂)လုံးလောက်ထိရှိမယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ ဂဏန်းတစ်လုံးအရေအ တွက်ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီအခါ Bae က ၉ ယောက်လားဆိုပြီး ပြောဆိုခဲ့ပါတယ်။ အဲဒီစကားကို Heechul က “ ခင်ဗျားတို့ ကတော့ ကျွန်တော့်အနေနဲ့ အမျိုးသမီး Idols တွေနဲ့ပဲ တွဲလေ့ရှိတယ်လို့ ထင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ဟာ နယ်ပယ်ပေါင်းစုံက အမျိုးသမီးတွေနဲ့ တွဲခဲ့တာပါ” ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။
Heechul ရဲ့ ဆိုလိုရင်းကတော့ သူဟာ အမျိုးသမီး Idols တွေသာမက နာမည်ကျော်မင်းသမီးတွေနဲ့ပါ တွဲခဲ့တယ်လို့ ဆိုချင်တာပါ။
– ဃဲ
Ref: Koreaboo