– – – SHINee အဖွဲ့ရဲ့ အသက်ငယ်ဆုံးအဖွဲ့ဝင် Taemin က သူ့ကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့ မိန်းကလေးပရိသတ်တစ်ယောက်ကို အံ့အားသင့်စရာကောင်းလောက်အောင် အဖြေလိုက်တာဖြစ်ပါတယ်။
Taemin ဟာ သူ့ရဲ့ Solo Show ပွဲတစ်ခုမှာ ပရိသတ်တွေကိုပါ အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ပြီး ပရိသတ်တွေရဲ့မေးခွန်းတွေကိုလည်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီပရိသတ်လက်မှတ်ရေးထိုးပွဲမှာ Taemin က သူ့အနေနဲ့ ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးမျိုးထက် ကြင်နာတတ်တဲ့သူမျိုးကို ပိုသဘောကျတယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီမှာမိန်းကလေးပရိသတ်တစ်ဦးက “ကျွန်မကြင်နာတတ်ပါတယ်။ ရှင်ကျွန်မကို လက်ထပ်နိုင်မလား Taemin”ဆိုပြီး မေးမြန်းခဲ့ပါတယ်။
အဲဒီမေးခွန်းကို Taemin ကရယ်ပြီး ဘယ်သူမှ ထင်မှတ်မထားတဲ့အဖြေတစ်ခု ပြန်ပေးခဲ့ပါတယ်။ Taemin ဖြေလိုက်တာက “ကျွန်တော်အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်တော်ဒီလိုကတိပေးထားတဲ့ မိန်းကလေးတွေ နည်းနည်းတော့ များနေပြီဗျ။ ခင်ဗျားအဆင်ပြေမလားမသိဘူး”ဆိုပြီး ပြန်ပြောခဲ့တာဖြစ်ပါတယ်။
Taemin ရဲ့စကားကို ကြားရတဲ့အခါမှာတော့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ ကောင်မလေးဟာ ငိုရမလို၊ ရယ်ရမလို ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
– ဃဲ
Ref: K Star Live