K pop

■ မိခင်ဖြစ်သူနဲ့ တစ်ပုံစံတည်းတူတဲ့ Sana

– – – TWICE အဖွဲ့ဝင် Sana ငယ်စဉ်က မိခင်ဖြစ်သူနဲ့အတူ ရိုက်ကူးထားတဲ့ဓာတ်ပုံထွက်ပေါ်လာပြီးနောက်မှာတော့ အဲဒီဓာတ်ပုံဟာ အွန်လိုင်းမှာအလွန်ရေပန်းစားနေတာ ဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ဓာတ်ပုံမှာ Sana ငယ်ငယ်တုန်းက သားအမိနှစ်ဦး Amusement Park မှာ ဆော့ကစားနေကြတာ ဖြစ်ပါတယ်။ အဲဒီပုံမှာ Sana ရဲ့မိခင်ဖြစ်သူဟာ အခု Sana ပုံစံနဲ့ တစ်ပုံစံတည်းတူတယ်လို့ ပရိသတ်တွေက အံ့အားသင့်နေကြတာဖြစ်ပါတယ်။

ပရိသတ်တစ်ချို့ဆိုရင် အဲဒီပုံဟာ Sana ကိုယ်တိုင်ဖြစ်လိမ့်မယ်လို့တောင် ဆိုနေကြပါတယ်။ တစ်ချို့ပရိသတ်တွေကတော့ ဒါဟာ Sana မဟုတ်ဘူးဆိုရင်တောင် Sana နဲ့အမြွာပူးမွေးဖွားလာတဲ့ညီအစ်မတစ်ယောက်ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

အခုအချိန်မှာ Sana ရဲ့အမေဟာ အသက်ကြီးသွားပြီဖြစ်လို့ ရုပ်ရည်ပြောင်းလဲသွားပေမယ့် သူမရဲ့မျက်လုံးတွေကတော့ Sana နဲ့အခုထက်တိုင် အတူတူရှိနေဆဲပါပဲ။

– ဃဲ
Ref: SBS News

You cannot copy content of this page