– – – Queens တွေရဲ့ အချစ်တော်လေးဖြစ်တဲ့ Jiyeon ရုပ်ရှင်က ဘယ်လိုမျိုးဖြစ်မလဲ၊ ဘယ်တော့ ရုံတင်မလဲဆိုတာ ပုံကိုနှိပ်ပြီး ဖတ်ပါ။
Ji Il Joo ကို နိုင်ငံတော် တိုက်ကွမ်ဒိုအားကစားတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်နေပြီး မတရားမှုတွေကို လက်မခံတဲ့ Hyun Seok အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး Jiyeon ကိုတော့ ရဲရင့်တဲ့ ကောင်မလေး Min Jung အဖြစ် ဒီရုပ်ရှင်မှာ မြင်တွေ့ရမှာပါ။
အခု ထုတ်ပြခဲ့တဲ့ poster မှာတော့ zombies လက်ကနေ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ Hyun Seok ကို မြင်တွေ့ရမှာဖြစ်ပြီး “မစိုးရိမ်ပါနဲ့။ ကိုယ် မင်းကို ကာကွယ်မှာပါ”ဆိုတဲ့ စာသားကို ရေးသားထားကာ zombies လက်က ထွက်နိုင်မလားဆိုတာကို စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
တစ်ဖက်တော့ zombies လက်ထဲကနေ လွတ်မြောက်ဖို့ ကြိုးစားရင်း အခက်တွေ့နေပုံရတဲ့ Min Jung ကို မြင်တွေ့ရမှာဖြစ်ပြီး “ငါတို့ ဒီကနေ အသက်ရှင်လျက် အတူတူ ထွက်သွားကြမယ်”ဆိုတဲ့ စာသားကို ရေးသားထားပါတယ်။
“Gangnam Zombie” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဟာ ဂန်နမ်မှာ ရောဂါဆိုးတစ်မျိုး ပေါ်လာပြီးနောက် အသက်ရှင်ဖို့ ကြိုးစားကြတဲ့ လူတွေအကြောင်း ရိုက်ကူးထားတဲ့ အက်ရှင်ကားဖြစ်ပြီး T-ara Jiyeon နဲ့ မင်းသား Ji Il Joo တို့ အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်ထားတာပါ။ “Gangnam Zombie” ကို နိုဝင်ဘာ (၃၀) ရက်နေ့ ကိုရီးယားမှာ ရုံတင်မှာ ဖြစ်ပါတယ်။
Ref: Allkpop