– – – BLACKPINK Concert က Jisoo ရဲ့ လည်ပင်းမှာ အကျိတ်ထွက်နေတာကို မြင်တွေ့ခဲ့ကြပြီးနောက် ကျန်းမာရေးအတွက် စိတ်ပူနေကြပြီး အဲဒါနဲ့ ပတ်သက်လို့ …
BLACKPINK Concert က Jisoo ရဲ့ လည်ပင်းမှာ အကျိတ်ထွက်နေတဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာ ထွက်ပေါ်လာပြီးနောက် သူမရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေ အတော်လေးကို စိတ်ပူခဲ့ကြတာ ဖြစ်ပါတယ်။
လည်ပင်းမှာ ကြီးမားတဲ့ အကျိတ်ထွက်နေတဲ့ Jisoo ရဲ့ ဓာတ်ပုံ ပရိသတ်တွေအကြား အာရုံစူးစိုက်မှု ခံရပြီးနောက်မှာတော့ YG Entertainment က Jisoo ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေကို စိတ်မပူဖို့ ထုတ်ပြန်ခဲ့ပါတယ်။
YG Entertainment ရဲ့ ထုတ်ပြန်ချက်မှာ “Jisoo ဟာ world tour schedule အတိုင်း အကောင်းဆုံး ဆောင်ရွက်နေပါတယ်။ သူမရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စိတ်ပူစရာ မရှိပါဘူး”လို့ ဖော်ပြထားတာပါ။
BLACKPINK အဖွဲ့ဟာ “BORN PINK” world tour ကို မြောက်အမေရိကနိုင်ငံတွေမှာ ဖျော်ဖြေပြီးနောက် အာရှနိုင်ငံတွေမှာ ဖျော်ဖြေသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref: Allkpop