– – – သူတို့ ဘာကြောင့် အဖွဲ့နဲ့ အေဂျင်စီက ထွက်ဖို့ ဆုံးဖြတ်လိုက်တာပါလဲ။ အကြောင်းစုံကို ဖော်ပြထားတဲ့ YG ရဲ့ ထုတ်ပြန်ချက်ကို ပုံနှိပ်ဖတ်ပါ။
နိုဝင်ဘာ (၈) ရက်မှာ YG Entertainment က TREASURE အဖွဲ့ဝင်တွေဖြစ်တဲ့ Bang Ye Dam၊ Mashiho တို့နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ Mashiho က ကျန်းမာရေးကို ဂရုစိုက်ချင်လို့ဖြစ်ပြီး Bang Ye Dam ကတော့ producer အဖြစ် ရပ်တည်ဖို့အတွက် လမ်းခွဲတာပါ။
TREASURE အဖွဲ့ဟာ အဖွဲ့ဝင် (၁၀) ဦးနဲ့ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်။ YG Entertainment ရဲ့ ထုတ်ပြန်ချက်အပြည့်အစုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။
“မင်္ဂလာပါ … YG Entertainment ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ TREASURE အဖွဲ့ကို အားပေးကြတဲ့ TREASURE MAKERS တွေကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီနေ့ TREASURE အဖွဲ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အရေးကြီးတဲ့ ကြေညာချက်ကို ထုတ်ပြန်သွားမှာပါ။
TREASURE အဖွဲ့အနေနဲ့ Choi Hyun Suk, Jihoon, Yoshi, Junkyu, Yoon Jae Hyuk, Asahi, Doyoung, Haruto, Park Jeong Woo, So Jung Hwan စတဲ့ အဖွဲ့ (၁၀) ဦးနဲ့အတူ ဆက်လက်ရပ်တည်သွားမှာပါ။ Mashiho ၊ Bang Ye Dam တို့နဲ့ တိုင်ပင်ဆွေးနွေးပြီးနောက် နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှု ရခဲ့ပါတယ်။
Mashiho က သူ့ရဲ့ ကျန်းမာရေးအခြေအနေအတွက် အနားယူပြီး ကုသဖို့လိုအပ်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး Bang Ye Dam ကတော့ အနာဂတ်မှာ producer အဖြစ် ရပ်တည်လိုတာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
TREASURE ပရိသတ်တွေအားလုံး Mashiho နဲ့ Bang Ye Dam တို့ ပြန်လာဖို့ စောင့်မျှော်နေတာကို ကျွန်တော်တို့ သိပါတယ်။ TREASURE အဖွဲ့နဲ့အတူ အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့ သူတို့ ထွက်ခွာသွားတဲ့အတွက် ကျွန်တော်တို့ အရမ်းဝမ်းနည်းရပါတယ်။ Mashiho နဲ့ Bang Ye Dam တို့ကို ဆက်ပြီး အားပေးဖို့ တိုက်တွန်းချင်ပါတယ်။
YG Entertainment အနေနဲ့ TREASURE MAKERS တွေနဲ့ ဆက်သွယ်ဖို့ အကောင်းဆုံးကြိုးစားနေပြီး TREASURE အဖွဲ့ရဲ့ အနာဂတ်အစီအစဉ်တွေအတွက် အကောင်းဆုံးထောက်ပံ့ပေးသွားမှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ဖော်ပြပါရှိပါတယ်။
Ref: Allkpop