K pop

■ Amazon Music ရဲ့ “Best Songs of 2022” မှာ ပါဝင်ခဲ့တဲ့ တစ်ပုဒ်တည်းသော K-Pop သီချင်း

– – – Amazon Music က ရွေးချယ်တဲ့ “Best Songs of 2022” မှာ ပါဝင်ခဲ့တဲ့ BLACKPINK သီချင်း အကြောင်း ပုံကို နှိပ်ပြီးဖတ်ပါ။

BLACKPINK အဖွဲ့ရဲ့ “SHUT DOWN” ဟာ music platforms တွေမှာ စထွက်ကတည်းက စံချိန်များစွာ တင်ရှိခဲ့ပြီး အခုလည်း အမေရိကန် Amazon Music ရဲ့ ချီးကျူးဂုဏ်ပြုခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

Amazon Music က ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့အနှံ့မှာ ထုတ်ဝေတဲ့ သီချင်းတွေက အကောင်းဆုံးသီချင်း (၅၀) ကို ထုတ်ပြန်ခဲ့ရာမှာတော့ BLACKPINK အဖွဲ့ရဲ့ “SHUT DOWN” သီချင်းက ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

Amazon Music ရဲ့ ဂီတကျွမ်းကျင်သူတွေ ရွေးချယ်တဲ့ အခုလို List မျိုးမှာ ပါဝင်ခွင့်ရတာဟာ BLACKPINK အဖွဲ့အတွက် ဂုဏ်ယူစရာဖြစ်ပြီး “SHUT DOWN” သီချင်းဟာ Amazon Music ရဲ့ ၂၀၂၂ ထုတ် အကောင်းဆုံးသီချင်း (၅၀) စာရင်းမှာ နံပါတ် (၁၈) ချိတ်ခဲ့တာပါ။

Amazon Music ၂၀၂၂ ထုတ် အကောင်းဆုံးသီချင်း (၅၀) စာရင်းမှာ K-Pop သီချင်းအဖြစ် BLACKPINK အဖွဲ့ရဲ့ “SHUT DOWN” သီချင်းတစ်ပုဒ်တည်းသာ ပါဝင်ခဲ့တာလည်း Blink တွေအတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။

Ref: Allkpop

You cannot copy content of this page