– – – ဒီနှစ်အတွင်း Jennie ကို ကြည့်ရတာ BLACKPINK အဖွဲ့ ပွဲထွက်တုန်းကလို ဆိုတဲ့အထိ Jennie ရဲ့ ဘယ်လို Young နေတယ်ဆိုတာ ပုံကိုနှိပ်ပြီးဖတ်ပါ။
BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ World Tour ကို ကျင်းပဖို့အတွက် ဥရောပကို ခရီးထွက်သွားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ဥရောပသွားဖို့ Incheon International လေဆိပ်ကို ဆင်းလာတဲ့ Jennie ကို ကြည့်ပြီး ပရိသတ်တွေ ချီးကျူးခဲ့ကြတာပါ။
အင်ချွန်းလေဆိပ်ကို ရောက်လာတဲ့ BLACKPINK အဖွဲ့ဝင်တွေ အားလုံး ပရိသတ်တွေနဲ့ မီဒီယာတွေရဲ့ အာရုံစိုက်ခြင်း ခံခဲ့ရပြီး အထူးသဖြင့် Jennie က ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ပိုခံခဲ့ရတာလည်း ဖြစ်ပါတယ်။
Netizens တွေက “နုပျိုသွားလိုက်တာ ပွဲထွက်တုန်းက အတိုင်းပဲ”၊ “အသက် ပိုငယ်သွားသလိုပဲ”၊ “အဆိုတော်အဖြစ် ပွဲထွက်တုန်းက Vibe မျိုး ပြန်မြင်ရတာပဲ”၊
“မျက်နှာလေးက ကလေးမျက်နှာလေးနဲ့”၊ “အသားအရေ လှလိုက်တာ။ အားကျပါဘိ” “ချစ်စရာလေးဟယ်” စသဖြင့် မှတ်ချက်တွေ ရေးသားခဲ့ကြတာပါ။
Ref: Allkpop