– – – Jennie က သူ့ရဲ့ အိတ်ထဲမှာ သွားလေရာ သယ်ဆောင်ထားတဲ့ အရာတစ်ခုကို ပြောပြခဲ့ရာမှာတော့ အားလုံးအံ့အားသင့်ခဲ့ပါတယ်။ သူ သယ်သွားတဲ့အရာ ခင်ဗျားတို့ လုံးဝခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။ ဘာလဲဆိုတာ ပုံနှိပ်ပြီး ဖတ်ပါ။
BLACKPINK အဖွဲ့ဝင် Jennie ဟာ ELLE Magazine နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ သူ့အိတ်ထဲမှာ သွားလေရာ သယ်ဆောင်သွားတတ်တဲ့ အရာတစ်ခုကို ပြောပြခဲ့ပါတယ်။ ELLE Magazine’s official YouTube channel နဲ့ ပြုလုပ်တဲ့ အင်တာဗျူးက Jennie က မေးခွန်းများစွာကို ဖြေပေးခဲ့တာပါ။
အဲဒီအင်တာဗျူးမှာ Jennie “Nurungji” လို ကိုရီးယားလို့ ခေါ်တဲ့ ကိုရီးယားရိုးရာ မုန့်တစ်ခုကို သွားလေ့ရာ ယူဆောင်သွားတတ်သလို၊ အိမ်မှာ နေတဲ့အခါဖြစ်ဖြစ် အလုပ်မှာဖြစ်ဖြစ် ထုတ်စားလေ့ရှိတယ်လို့လည်း အံ့အားသင့်ဖွယ် ဝန်ခံခဲ့ပါတယ်။
Jennie က “ကျွန်မ ဘယ်သွားသွား Nurungji ကို အိတ်ထဲမှာ ထည့်ပြီး သယ်သွားလေ့ရှိတယ်။ ဒီတော့ ခရီးသွားတဲ့အခါမျိုးမှာရော၊ အလုပ်လုပ်တဲ့အခါမှာရော၊ နောက်ဆုံး အိမ်မှာ နေတဲ့အခါမျိုးမှာ ကျွန်မအနေနဲ့ အဲဒီမုန့် ထုတ်စားလေ့ရှိပါတယ်”လို့ ဆိုခဲ့တာပါ။
ဆက်ပြီးတော့ အဲဒီအင်တာဗျူးမှာ Jennie က သူမရဲ့မိခင်နဲ့ BLACKPINK အဖွဲ့ဝင်တွေဟာ သူမကို အမြဲတမ်း အားပေးသူတွေဖြစ်ပြီး သူမ ဘယ်လုပ်လုပ်၊ ဘယ်အခြေအနေ ရောက်ရောက် အားပေးနေမယ့်သူတွေ ဖြစ်တယ်လို့လည် ဆိုခဲ့ပါတယ်။
Ref: Allkpop