– – – Rosé ဟာ သူမရဲ့ Idol ဖြစ်သူ Beyoncé နဲ့ ဆုံတွေ့ခွင့်ရရှိခဲ့ပြီး အဲဒီမှာ Beyoncé တစ်ယောက် Rosé ဘာတွေ ပြောခဲ့တယ်ဆိုတာကို ပုံနှိပ်ဖတ်ပါ။
BLACKPINK အဖွဲ့ဝင် Rosé ဟာ ကမ္ဘာကျော်အမျိုးသမီးအဆိုတော် Beyoncé ရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်ပြီး ငယ်စဉ်က Beyoncé လို့ အဆိုတော်မျိုး ဖြစ်ချင်တယ်လို့ အင်တာဗျူးတွေမှာ အကြိမ်ကြိမ် ဖွင့်ဟခဲ့ဖူးတာပါ။
Rosé က “ကျွန်မရဲ့ ငယ်ဘဝအိပ်မက်က ကြီးကျယ်ခမ်းနာတဲ့ အဆိုတော်တွေဖြစ်တဲ့ Beyoncé သို့မဟုတ် Michael Jackson လို ဖြစ်ချင်ခဲ့တာပါ။ ငယ်ငယ်တုန်းက Beyoncé ရဲ့ ‘Listen’ သီချင်းကို ဆိုတဲ့အခါ High Note တွေ မရောက်ရင် ငါ ဆိုးရွားတဲ့ အဆိုတော်ပဲ ခံစားခဲ့ရတယ်”လို့ ဆိုပါတယ်။

Beyoncé performs at Coachella in 2
Rosé ဟာ ၂၀၁၆ ခုနှစ်မှာ BLACKPINK အဖွဲ့နဲ့ ပွဲထွက်ခဲ့ပြီး အောင်မြင်တဲ့ Solo ဘဝကိုလည်း ပိုင်ဆိုင်ထားတာကြောင့် အခုတော့ သူမ အားကျခဲ့တဲ့ Beyoncé လို ကမ္ဘာကျော်အဆိုတော်တစ်ဦး ဖြစ်နေပါပြီ။ Vogue Hong Kong နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ Rosé က Beyoncé နဲ့ တွေ့ဆုံခဲ့တာကို ပြောပြပါတယ်။
“ကျွန်မ ငယ်ငယ်တုန်းက အလေးစားဆုံး အဆိုတော်ကတော့ Beyoncé ပါပဲ။ အဲဒီတုန်းက Beyoncé လို ဖြစ်ချင်ခဲ့တာပါ။ ဒါကြောင့်လည်း စန္ဒယားတီး သင်ခဲ့တာပါ။ ကျွန်မတို့နှစ်ယောက်လုံး Tiffany Co ambassadors တွေဆိုတော့ ပွဲတစ်ခုမှာ သူနဲ့ ဆုံတွေ့ခွင့် ရခဲ့ပါတယ်။
သူနဲ့ လူချင်းဆုံတွေ့ခွင့်ရတာက ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ။ အဲဒီတုန်းက Beyoncé က အနာဂတ်မှာ ငါတို့နှစ်ယောက် စိတ်ဝင်စားစရာကောင်းပြီး ပျော်စရာကောင်းတဲ့ collaboration ကို အတူတကွ လုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ကျွန်မကို ပြောဆိုခဲ့တာပါ”လို့ Rosé က ဆိုခဲ့တာပါ။
Ref: Koreaboo