– – – လူမျိုးချင်းအတူတူ ဖြစ်ပေမဲ့ တောင်နဲ့ မြောက် မိုးနဲ့မြေလို ကွာပြီး အာဏာရှင် အုပ်ချုပ်တဲ့ မြောက်ကိုရီးယားက ဘဝတွေ ဘယ်လောက်ဆိုးရွားတယ်ဆိုတာ …
မြောက်ကိုရီးယားမီဒီယာတွေရဲ့ ဖော်ပြချက်အရ အထက်တန်းကျောင်းသား (၃) ဦးဟာ အောက်တိုဘာလတုန်းက ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်ရှုခဲ့တာကို ဖမ်းမိသွားခဲ့တယ်လို့ သိရှိရပါတယ်။
၂၀၂၀ ဒီဇင်ဘာတုန်းက မြောက်ကိုရီးယားမှာ တောင်ကိုရီးယားက ဇာတ်လမ်းတွဲတွေ၊ သီချင်းတွေ နားထောင်တဲ့ ဘယ်သူ့ကိုမဆို သေဒဏ်ချမှတ်နိုင်တယ်လို့ ဥပဒေထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ ပတ်သက်တာတွေကို အသုံးပြုမယ်၊ ကြည့်ရှုမယ်ဆိုရင် အသက်မပြည့်သူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ထားတာပါ။ အခု ကွက်မျက်ခံလိုက်ရတဲ့ အထက်တန်းကျောင်းသား (၃) ဦးဟာ ကိုရီးယားဇာတ်လမ်းတွဲတွေသာမက အမေရိကန်ရုပ်သံကိုပါ ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
့မြောက်ကိုရီးယား အာဏာပိုင်တွေက သူတို့ဆီမှာ တောင်ကိုရီးယားယဉ်ကျေးမှုတွေ မပြန့်ပွားအောင် ဥပဒေတွေ ချမှတ်ကာ နှိပ်ကွက်နေပေမဲ့ မြောက်ကိုရီးယား (၉၆) ရာခိုင်နှုန်းဟာ ‘Squid Game’ နဲ့ ‘Crash Landing On You’ တို့လို ဇာတ်လမ်းတွဲတွေကို နှစ်သက်ကြတယ်လို့ ဆိုကြပါတယ်။
Ref: Allkpop