K pop

■ BTS Jin ရဲ့ စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ BIGHIT MUSIC တရာဝင်ထုတ်ပြန်

– – – Jin ရဲ့ စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ ပရိသတ်တွေ ရှောင်ရန်၊ ဆောင်ရန်တွေအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

BIGHIT MUSIC က BTS အဖွဲ့ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် Jin စစ်မှုထမ်းမယ့် ကိစ္စနဲ့ ပတ်သက်လို့ အောက်ပါအတိုင်း ထုတ်ပြန်ခဲ့ပါတယ်။

BIGHIT MUSIC ရဲ့ ထုတ်ပြန်ချက်မှာ “မင်္ဂလာပါ။ BIGHIT MUSIC ဖြစ်ပါတယ်။ BTS အဖွဲ့ကို စဉ်ဆက်မပြတ်အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ Jin စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပရိသတ်တွေကို အသိပေးချင်ပါတယ်။

Jin ဟာ စစ်တပ်ထဲဝင်ပြီး စစ်မှုထမ်းတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ စစ်မှုထမ်းဝင်မယ့်နေ့မှာ ကျွန်တော်တို့အနေနဲ့ အထိမ်းအမှတ်အဖြစ် ဘာပွဲမှ ကျင်းပမှာ မဟုတ်ဘူးဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။

သူ စစ်မှုထမ်းဝင်တဲ့နေ့ကို စစ်တပ်ကလူတွေနဲ့ သူတို့မိသားစုတွေပဲ ဆင်နွဲှကြပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ လူစုလူဝေး ဖြစ်ပွားခြင်းကို တားမြစ်လိုတာကြောင့် ပရိသတ်တွေအနေနဲ့ စစ်မှုထမ်းမယ့် နေရာကို မလာကြဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒီအစား နှုတ်ဆက်စာတွေနဲ့ နှုတ်ဆက်ကြဖို့ တိုက်တွန်းပါရစေ။

ပြီးတော့ အနုပညာရှင်ကို အသုံးချပြီး ဘာပွဲ၊ ညာပွဲလို့ နာမည်တပ်က တရားဝင်မဟုတ်ဘဲ ပွဲတွေအတွက် လက်မှတ်မဝယ်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်။ အဲဒီလိုတရားမဝင်လုပ်သူတွေကိုလည်း ကျွန်တော်တို့ လိုအပ်ရင် တရားစွဲဆိုမှုတွေ ပြုလုပ်သွားမှာပါ။

Jin စစ်မှုထမ်းပြီး ပြန်လာတဲ့အထိ ချစ်ခင်အားပေးကြဖို့ ပရိသတ်တွေကို ကျွန်တော်တု့ိတိုက်တွန်းပါတယ်။ စစ်မှုထမ်းနေစဉ်အတွင်း ကျွန်တော်တို့အနေနဲ့ သူ လိုအပ်တာတွေကို ဆက်တိုက်ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်”လို့ ပါရှိပါတယ်။

Jin ဟာ ဒီဇင်ဘာ (၁၃) ရက်(အင်္ဂါနေ့)မှာ စစ်မှုတာဝန် စတင်ထမ်းဆောင်မှာ ဖြစ်ပြီး ဦးစွာ လေ့ကျင့်ရေးစင်တာမှာ လေ့ကျင့်ရမှာဖြစ်ကာ နောက်ပိုင်းမှာမှ သူ လျှောက်ထားတဲ့ စစ်တပ်ကို သွားရောက်ရမှာ ဖြစ်ပါတယ်။

Ref: BIGHIT MUSIC

You cannot copy content of this page