Celebrity

■ အင်္ဂလန်မှာ တောက်ပခဲ့တဲ့ အစိမ်းရောင်နတ်သမီး

– – – အစိမ်းရောင်နတ်သမီးအဖြစ် အင်္ဂလန်မှာ Han So Hee တစ်ယောက် ဘယ်လိုတောင် လှနေတယ်ဆိုတာကို ပုံနှိပ်ပြီး ကြည့်ပါ။

ကိုရီးယားမင်းသမီး Han So Hee ဟာ အင်္ဂလန်မှာ ကျင်းပတဲ့ Charlotte Tilbury ကို တက်ရောက်ခဲ့ပြီး သူမရဲ့ အလှကြောင်း ချီးကျူးခြင်း ခံခဲ့ရပါတယ်။

Charlotte Tilbury ပွဲက သူတို့ရဲ့ အမှတ်တံဆိပ် Classic Glamour Collection အတွက် ကျင်းပခဲ့တာ ဖြစ်ပြီး အဲဒီပွဲမှာ Han So Hee ဟာ ကမ္ဘာ့အနှံ့က ပရိသတ်တွေကို သူမရဲ့ အလှနဲ့ ဆွဲဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အစိမ်းရောင်ဝတ်စုံလေးနဲ့ Han So Hee ရဲ့ ကျက်သရေနဲ့ သူမရဲ့ အလှဟာ ပေါ်လွင်နေပြီး အဲဒီပွဲကို တက်ရောက်တဲ့သူတွေထဲမှာ ကမ္ဘာ့အနှံ့က ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အခံရဆုံးသူအဖြစ် ဖမ်းစားနိုင်ခဲ့တာပါ။

အဲဒီပွဲက Han So Hee ရဲ့ အလှဟာ Disney မင်းသမီးလေးတွေနဲ့ တူတယ်လို့တောင် လူမှုကွန်ရက်မှာ ချီးကျူးမှုတွေ ရှိနေပြီး အဲဒီလိုချီးကျူးရလောက်အောင် လှတာကိုလည်း ပုံတွေမှာ မြင်တွေ့ရမှာပါ။

Ref: Allkpop

You cannot copy content of this page