– – – BLACKPINK အဖွဲ့ရဲ့ ကျော်ကြားမှုကို မီးစာထိုးပေးလိုက်တာလို့ ဆိုနိုင်ပြီး ဘာကြောင့် ရွေးချယ်ခံရတယ်ဆိုတဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
BLACKPINK အဖွဲ့ဟာ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာကြီးမားတဲ့ ‘TIME’ magazine’ ရဲ့ ‘2022 Entertainer of the Year’ အဖြစ် ရွေးချယ်ခံခဲ့ရပြီး သူတို့ဟာ global superstars တွေဖြစ်တယ်ဆိုတာကို သက်သေပြလိုက်ပြန်ပါပြီ။
တောင်ကိုရီးယားက အမျိုးသမီးအဆိုတော်အဖွဲ့ဟာ K-Pop artist သမိုင်းမှာတော့ ၂၀၁၈ ခုနှစ်က ရွေးချယ်ခံခဲ့ရတဲ့ BTS ပြီးရင် ဒုတိယမြောက်ဖြစ်ပြီး အမျိုးသမီး K-Pop အဖွဲ့တွေထဲမှာတော့ ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
‘TIME’ မဂ္ဂဇင်းမှာ BLACKPINK အဖွဲ့ရဲ့ သမိုင်းကြောင်း ပါဝင်ပြီး အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ အတွေးတွေ၊ သူတို့ရဲ့ ဖြတ်သန်းမှုတွေကို ပြန်ပြောင်းပြောပြတာတွေကို ပရိသတ်တွေအနေနဲ့ ‘TIME’ မဂ္ဂဇင်းမှာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
BLACKPINK အဖွဲ့ဟာ လက်ရှိမှာ ‘Born Pink’ world tour ကို ဥရောပမှာ ကျင်းပသွားဖို့ စီစဉ်နေပြီး ဒီဇင်ဘာနဲ့ ၂၀၂၃ အစောပိုင်းကိုတော့ အာရှနိုင်ငံတွေမှာ ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။
Ref: Allkpop