K pop

■ ဂျပန်ဘီလျံနာနဲ့ အာကသကို ခရီးထွက်မယ့် BIGBANG အဖွဲ့ဝင်

– – – သူက MV တွေမှာတင် အာကသကို ရောက်ဖူးတာမဟုတ်တော့ဘဲ အခု တကယ် အာကသကို ခရီးထွက်တော့မှာပါ။ သူ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

ဂျပန်နဲ့ ကိုရီးယားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ BIGBANG အဖွဲ့ဝင် T.O.P ဟာ ၂၀၂၃ ခုနှစ်မှာ ဂျပန်ဘီလျံနာနဲ့ entrepreneur တစ်ဦးဖြစ်သူ Yusaku Maezawa နဲ့အတူ အာကသကို ခရီးထွက်မယ်လို့ သိရပါတယ်။

အတွင်းလူတွေရဲ့ ပြောဆိုချက်အရT.O.P ဟာ ဂျပန်ဘီလျံနာ Maezawa နဲ့အတူ ‘#dearMoon’ project မှာ ပါဝင်မယ့် (၈) ဦးထဲက တစ်ဦးဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး Elon Musk ရဲ့ SpaceX ယာဉ်နဲ့ အာကသ ခရီးထွက်မှာ ဖြစ်ပါတယ်။

၂၀၁၈ တုန်းက Maezawa က သူ့အနေနဲ့ ၂၀၂၃ မှာ ‘#dearMoon’ project အဖြစ် လူတွေကို ခေါ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ အခုလည်း Maezawa က သူ့အနေနဲ့ အာကသကို ခရီးထွက်ရာမှာ ပါရမီရှင်တွေနဲ့ လွှမ်းမိုးမှုှရှိသူတွေကို ခေါ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဂျပန်ဘီလျံနာ Maezawa ဟာ T.O.P၊ နာမည်ကျော်မင်းသား Lee Byung Hun တို့နဲ့ အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ တင်ခဲ့ရာမှာတော့ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။

Ref: Allkpop

You cannot copy content of this page