K Drama

■ Extraordinary Attorney Woo ကိုကျော်သွားတဲ့ Song Joong Ki ရဲ့ Reborn Rich

– – – နာမည်ကျော် Extraordinary Attorney Woo ကို ကျော်တက်နိုင်ခဲ့တဲ့ မင်းသား Song Joong Ki ရဲ့ Reborn Rich ဇာတ်လမ်းတွဲအကြောင်း ပုံနှိပ်ဖတ်ပါ။

မင်းသား Song Joong Ki အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ‘Reborn Rich’ ဇာတ်လမ်းတွဲဟာ နာမည်ကျော် hit ဇာတ်လမ်းတွဲ ‘Extraordinary Attorney Woo’ ရဲ့ viewership rating ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Nielsen Korea ရဲ့ ထုတ်ပြန်ချက်အရ ‘Reborn Rich’ ဇာတ်လမ်းတွဲ အပိုင်း (၈) အပိုင်း viewership rating ဟာ 19.449% အထိ ရှိခဲ့ကြောင်း သိရှိရပါတယ်။ 20% ကို ရောက်ဖို့တောင် သိပ်မလိုတော့တဲ့ ပမာဏလည်း ဖြစ်ပါတယ်။

‘Reborn Rich’ ဇာတ်လမ်းတွဲကို စတင်ထုတ်လွှင့်တုန်းက ပထမပိုင်းကို ကြည့်ရှုသူ viewership rating 6% ပဲ ရှိခဲ့တာဖြစ်ပြီး အပိုင်း (၈) မှာ viewership rating ဟာ (၃) ဆကျော် ခုန်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

အရင်တုန်းက JTBC သမိုင်းမှာ ‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲက viewership rating 17.534% နဲ့ စံချိန်တင်ထားခဲ့တာပါ။ အခုတော့ ‘Reborn Rich’ က ‘Extraordinary Attorney Woo’ ရဲ့ viewership rating ကို ကျော်တက်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ ချီးကျူးမှုကိုလည်း ခံနေရပါတယ်။

Ref: Allkpop

You cannot copy content of this page