K pop

■ ဂီတသမိုင်းမှာ ထာဝရအကောင်းဆုံးအဖွဲ့အဖြစ် BIGBANG ကို P1Harmony ရွေးချယ်

– – – အဖွဲ့ဝင် (၆) ဦးမှာ (၄) ဦးက ရွေးချယ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ အကြောင်းပြချက်တွေကို ပုံနှိပ်ပြီး ဖတ်ပါ။

King of K-Pop လို့ တင်စားကြတဲ့ BIGBANG အဖွဲ့ရဲ့ သက်ရောက်မှုဟာ မျိုးဆက်တိုင်းအပေါ်မှာ လွှမ်းမိုးထားပြီး တက်သစ်စ အမျိုးသားအဖွဲ့ P1Harmony အဖွဲ့ရဲ့ အဖွဲ့ဝင် (၆) ဦးထဲမှာ (၄) ဦးက BIGBANG ကို ဂီတသမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးအဖွဲ့အဖြစ် ရွေးချယ်ခဲ့ပါတယ်။

YouTube channel ‘The Conversationalist’ နဲ့ အင်တာဗျူးမှာ P1Harmony အဖွဲ့ဝင်တွေက ဂီတသမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးအဖွဲ့အကြောင်းကို ဆွေးနွေးခဲ့ကြရာမှာ အဖွဲ့ဝင် (၄) ဦးက BIGBANG ကို ရွေးချယ်ခဲ့တာပါ။

P1Harmony အဖွဲ့ဝင်တွေဖြစ်တဲ့ Theo, Jiung, Intak, and Soul တို့က BIGBANG အဖွဲ့ကို ထာဝရအကောင်းဆုံးအမျိုးသားအဖွဲ့အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပြီး Keeho ကတော့ One Direction နဲ့ Jongseob က My Chemical Romance အဖွဲ့ကို ရွေးချယ်ခဲ့တာပါ။

Jiung က “BIGBANG ရဲ့ဂီတကို အရမ်းကြိုက်ပါတယ်”လို့ ဆိုတယ်။

Intak က “ကျွန်တော် အဆိုတော်လုပ်ရတဲ့ ပထမဆုံးအကြောင်းရင်းက BIGBANG ကြောင့်ပါပဲ။ သူတို့က role models တွေ ဖြစ်ပါတယ်”လို့ ဆိုတယ်။

Theo က “ကျွန်တော်တို့ အခု ဒီကိုလာတာတောင် BIGBANG သီချင်းကို နားထောင်ပြီး လာခဲ့တာပါ”လို့ ဆိုတယ်။

Keeho က “သူတို့က ကိုယ်ပိုင်ဂီတကို ဖန်တီးတယ်။ သူတို့မှာ ကိုယ်ပိုင် style ရှိတယ်။ သူတို့မှာ ကိုယ်ပိုင်အရောင်ရှိတယ်။ သူတို့က ‘booom’ လိုပါပဲ။ BIGBANG က BIGBANG ပါပဲ”လို့ ဆိုတယ်။

Theo က “BIGBANG sunbaenims တွေက role models တွေပါ။ ကျွန်တော် ငယ်ငယ်ကတည်းက သူတို့ကို ကြိုက်ခဲ့တာပါ။ သူတို့ရဲ့ concert ကို သွားပြီးနောက်မှာ အဆိုတော်လုပ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ။ အခုတော့ အဲဒါတွေက အမှတ်တရတွေပါ။ ကျွန်တော့်အနေနဲ့ BIGBANG sunbaenims လိုပဲ လူတွေကို အပျော်တွေပေးနိုင်တဲ့ အဆိုတော် ဖြစ်ချက်ပါတယ်”လို့ ဆိုတယ်။

Ref: Allkpop

You cannot copy content of this page