K pop

■ Billboard ရဲ့ Best K-pop Album of 2022 အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ BLACKPINK ရဲ့ “BORN PINK”

– – – Billboard ရဲ့ Best K-pop Album of 2022 အဖြစ်သာမက “BORN PINK” ဟာ အကောင်းဆုံး The 50 Best Albums of 2022 မှာ ပါဝင်တဲ့ ….

အမေရိကန်နာမည်ကျော် Billboard က “The 50 Best Albums of 2022″ ဆိုတဲ့ နာမည်နဲ့ ၂၀၂၂ ထုတ် အကောင်းဆုံး Albums အချပ် (၅၀) ကို ဖော်ပြခဲ့ရာမှာ ကိုရီးယားနာမည်ကျော် အမျိုးသမီးအဖွဲ့ BLACKPINK ရဲ့ “BORN PINK” Album လည်း ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် Billboard က BLACKPINK အဖွဲ့ရဲ့ “BORN PINK” Album ကို Best K-pop Album of 2022 အဖြစ် သတ်မှတ်ခဲ့တာကြောင့် သူတို့အဖွဲ့အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။

ပြီးတော့ BLACKPINK အဖွဲ့ရဲ့ “BORN PINK” Album ဟာ Billboard ရဲ့ “The 50 Best Albums of 2022″ စာရင်းမှာ ပါဝင်ခဲ့တဲ့ တစ်ခုတည်းသော K-Pop Album ဖြစ်ပြီး နံပါတ် (၄၂) ချိတ်ခဲ့တာ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ ဒီဇင်ဘာလအစောပိုင်းကလည်း TIME မဂ္ဂဇင်းရဲ့ 2022 Entertainer of the Year အဖြစ် ရွေးချယ်ခံရပြီး အမျိုးသမီး K-Pop အဖွဲ့တွေထဲမှာ အဲဒီလိုရွေးချယ်ခံရတဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသောအဖွဲ့အဖြစ် မှတ်တမ်းဝင်ခဲ့သေးတာပါ။

Ref: Allkpop

You cannot copy content of this page