– – – YG ရဲ့လက်အောက်ခံ THEBLACKLABEL နဲ့ Taeyang လက်မှတ်ရေးထိုးခဲ့တာကြောင့် BIGBANG အနာဂတ် ဘယ်လိုဖြစ်လာမယ်ဆိုတာ ပုံကိုနှိပ်ပြီး ဖတ်ပါ။
ဒီဇင်ဘာ (၂၆) ရက်မှာ BIGBANG အဖွဲ့ဝင် Taeyang ဟာ YG နဲ့လမ်းခွဲပြီး YG ရဲ့ လက်အောက်ခံ THEBLACKLABEL နဲ့ လက်မှတ်ရေးခဲ့တယ်လို့ အေဂျင်စီဘက်က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
THEBLACKLABEL ရဲ့ ထုတ်ပြန်ချက်မှာ “မင်္ဂလာပါ။ THEBLACKLABEL ဖြစ်ပါတယ်။ Taeyang ဟာ THEBLACKLABEL နဲ့ လက်တွဲလိုက်ပါပြီ။ အနုပညာရှင်၊ ပရိုဂျူဆာအဖြစ် နှစ်ပေါင်းများစွာ လက်တွဲ လုပ်ဆောင်ပြီးနောက်မှာ Producer Teddy နဲ့ artist Taeyang တို့ဟာ သူတို့ရဲ့ ဂီတအပေါ် ယုံကြည်မှုနဲ့ လက်တွဲခဲ့တာပါ။
THEBLACKLABEL အနေနဲ့ Taeyang ရဲ့ ဂီတနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ထောက်ပံ့ပေးသွားမှာပါ။ ဒါကြောင့် ကျေးဇူးပြုပြီး Taeyang နဲ့ THEBLACKLABEL တို့ရဲ့ ဂီတဖန်တီးမှုတွေကို စောင့်မျှော်အားပေးကြဖို့ တောင်းဆိုပါတယ်”လို့ ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ YG Entertainment က အဲဒီသတင်းနဲ့ ပတ်သက်လို့ “Taeyang ဟာ BIGBANG အဖွဲ့ဝင်ဖြစ်ပြီး YG Family ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကတော့ ပြောင်းလဲ မသွားပါဘူး။ BIGBANG ရဲ့ လှုပ်ရှားမှုတွေကို လူပေါင်းများစွာ စောင့်ဆိုင်းနေတယ်လို့ဆိုတာ ကျွန်တော်တို့ သိရှိထားပြီး အဲဒီအတွက်လည်း လုပ်ဆောင်နေပါတယ်”လို့ ဆိုပါတယ်။
ပြီးတော့ G-Dragon နဲ့ ပတ်သက်လို့လည်း YG Entertainment က “G-Dragon၊ Daesung တို့နဲ့ ကျွန်တော်တို့ စာချုပ်ကိစ္စအတွက် အနာဂတ်အစီအစဉ်တွေအတွက် ဆွေးနွေးနေပါတယ်”လို့ ပြောဆိုခဲ့တာပါ။
Ref: THEBLACKLABEL & YG Entertainment