– – – နာမည်ကျော်မင်းသား Song Joong Ki ဟာ နာမည်ကျော်မင်းသမီး Song Hye Kyo နဲ့ လမ်းခွဲပြီးနောက်မှာတော့ ဗြိတိန်သူလေးနဲ့ သူရဲ့ ဓာတ်ပုံတွေဟာ ….
နာမည်ကျော်မင်းသား Song Joong Ki ဟာ နာမည်ကျော်မဟုတ်တဲ့ ဗြိတိန်အမျိုးသမီးတစ်ဦးနဲ့ ဒိတ်နေတယ်ဆိုပြီး သတင်းတွေ ထွက်လာပါ။ အဲဒီသတင်းတွေ ထွက်ပြီး မကြာခင်မှာ Song Joong Ki ရဲ့ အေဂျင်စီက အဲဒီသတင်းအမှန်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
Song Joong Ki ရဲ့ အေဂျင်စီက “မင်းသား Song Joong Ki ဟာ လက်ရှိမှာ အမျိုးသမီးတစ်ဦးနဲ့ ဒိတ်လုပ်နေပါတယ်။ သူတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကြိုဆိုပေးကြဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”လို့ ဆိုပါတယ်။
ဆက်ပြီးတော့ သူတို့က “သူတို့ ဒိတ်နေတယ်ဆိုတာကလွဲပြီး အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ မထုတ်ပြန်နိုင်တာနဲ့ ပတ်သက်လို့ နားလည်ပေးကြဖို့ တောင်းဆိုပါတယ်။ ပြီးတော့ အခြေအမြစ်မရှိတဲ့ သတင်းတွေ မဖြန့်ဖို့လည်း တောင်းဆိုပါတယ်”လို့ ဆိုပါတယ်။
အသက် (၃၇) နှစ်ကျော်ပြီဖြစ်တဲ့ နာမည်ကျော်မင်းသား Song Joong Ki ဟာ ၂၀၁၇ ခုနှစ်မှာ နာမည်ကျော် မင်းသမီး Song Hye kyo နဲ့ လက်ထက်ခဲ့ပေမဲ့ သူတို့နှစ်ဦးကြား ညှိမရတဲ့ သဘောထားကွဲလွဲမှုတွေကြောင့် ၂၀၁၉ ဇူလိုင်လမှာ တရားဝင်လမ်းခွဲခဲ့ကြပါတယ်။
အခု Song Joong Ki တွဲနေတယ် မိန်းကလေးမှာ ဗြိတိန်လူမျိုးလို့ သတင်းမီဒီယာတွေက ဖော်ပြနေကြပြီး သူတို့အတွဲကို စင်ကာပူမှာ ချိန်းတွေ့နေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Ref: Soompi & mothership