Drama

■ IU ကို ချစ်ကြောင်း Lee Jong Suk ဝန်ခံခဲ့တဲ့ အခိုက်အတန့်

– – – ဒီအခိုက်အတန့်၊ ဒီစကားလုံးတွေက IU အပေါ် မင်းသား Lee Jong Suk ရဲ့ အချစ်ဝန်ခံချက်လို့ …

၂၀၂၂ ဒီဇင်ဘာ (၃၁) ရက်၊ နှစ်ကုန်နောက်ဆုံးနေ့မှာ Dispatch ရဲ့ ဖော်ထုတ်မှုနဲ့အတူ မင်းသား Lee Jong Suk နဲ့ အဆိုတော်၊ သရုပ်ဆောင်မင်းသမီး IU တို့ တွဲနေကြောင်း ပရိသတ်တွေ သိခွင့်ရခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ သူတို့ရဲ့ အေဂျင်စီတွေက သူတို့တွဲနေတာ အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။

ဒိတ်သတင်း ထွက်လာပြီးနောက်မှာ 2022 MBC Drama Awards မှာ ဆုယူတုန်း Lee Jong Suk ပြောခဲ့တဲ့ စကားတွေဟာ IU ကို ချစ်ကြောင်း Lee Jong Suk ရဲ့ ဝန်ခံချက် ဖြစ်လိမ့်မယ်လို့ ကိုရီးယား Netizen တွေက ယူဆနေကြပါတယ်။

2022 MBC Drama Awards မှာ ဆုယူပြီးနောက် ကျေးဇူးတင်စကား ပြောကြားရာမှာ Lee Jong Suk က “စစ်မှုထမ်းတာဝန်ပြီးဆုံးပြီးနောက် စစ်တပ်က ထွက်လာပြီးနောက် ကျွန်တော်ဟာ ကြောက်ရွံမှုတွေ၊ စိုးရိမ်သောကတွေ၊ တခြားပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီတုန်းက ကျွန်တော့်ကို လမ်းမှန်ပေါ် ရောက်အောင် ကူညီပေးခဲ့သူတစ်ဦး ရှိပါတယ်။ သူက လူသားတစ်ယောက်အနေနဲ့ ကျွန်တော့်ကို အပြုသဘောဆောင်တဲ့ အားပေးမှုတွေ ပြုလုပ်ခဲ့တာပါ။ အဲဒီပုဂ္ဂိုလ်အတွက် အခု ဒီအခွင့်အရေးကို အသုံးချပြီး ကျွန်တော် ပြောချင်ပါတယ်။

အဲဒီပုဂ္ဂိုလ်ကို ကျွန်တော် အမြဲတမ်းကျေးဇူးတင်နေပါတယ်။ သူဟာ အံဖွယ်ကောင်းတဲ့ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကျွန်တော် သူ့ကို လေးစားခဲ့ရတာ အတော်ကြာပြီဆိုတာကိုလည်း ပြောချင်ပါတယ်။ အဲဒီပုဂ္ဂိုလ်ကို တွေ့တဲ့အခါ ကျွန်တော့်အနေနဲ့ ငါ ကောင်းကောင်းနေမှာ ဖြစ်မယ်။ ငါ ကောင်းတဲ့လူဖြစ်မယ်ဆိုတဲ့ အတွေးမျိုး အမြဲတမ်းဝင်ပါတယ်။

ပြီးတော့ သူနဲ့တွေ့ပြီးနောက် ကျွန်တော့်ကို ကျွန်တော် လေ့လာဆန်းစစ်တာတွေလည်း ပြုလုပ်လေ့ရှိပြီး အတိတ်တုန်းက ကျွန်တော် ပိုကောင်းအောင်လုပ်ခဲ့သင့်တယ်လို့ တွေးမိပါတယ်။ အနာဂတ်မှာ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်ဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာပါ။

ကျွန်တော့်အနေနဲ့ အခု ဒီဆုနဲ့အတူ အနာဂတ်မှာ ပိုကောင်းတဲ့လူဖြစ်ဖို့ တွန်းအားတွေ ရလာမယ်လို့ ထင်ပါတယ်။ ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပြီး ပိုကောင်းတဲ့ သရုပ်ဆောင်ဖြစ်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ”လို့ ဆိုခဲ့တာပါ။

Ref: MBC

You cannot copy content of this page