K pop

■ BLACKPINK ကို ကမ္ဘာနဲ့ယှဉ်ပြီး ချီးကျူးနေမှုတွေကို Jennie ဘယ်လိုမြင်သလဲ

— -BLACKPINK ကို ကမ္ဘာ့ယှဉ်ပြီး ချီးကျူးနေမှုတွေအပေါ် Jennie တစ်ယောက် အမှန်တကယ် ပျော်ရွှင်နေရဲ့လား…..

BLACKPINK ဟာ ဒီဘက်နှစ်နောက်ပိုင်း အံ့အားသင့်ဖွယ် အောင်မြင်မှုတွေကို မြောက်များစွာ ရယူထားနိုင်ကြတဲ့အဖွဲ့ပါ။

စံချိန်ပေါင်းများစွာ ချိုးဖျက်နိုင်ခဲ့သလို Billboard Artist 100 chart ဝင်တဲ့ ပထမဆုံး K-pop အမျိုးသမီးအဖွဲ့အဖြစ်လည်း မှတ်တမ်းဝင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် BLACKPINK ကို ကမ္ဘာနဲ့ယှဉ်ပြီး “The Biggest Girl Group In The World” ဆိုပြီး ချီးကျူးမှုတွေ ရှိနေပါတယ်။

တလောက Forbes‘ Hugh McIntyre ရဲ့ အင်တာဗျူးမှာတော့ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး BLACKPINK အဖွဲ့ အမေးခံခဲ့ရပါတယ်။ “BLACKPINK အဖွဲ့ကို “The Biggest Girl Group In The World” ဆိုပြီး ချီးကျူးနေတာတွေ မြင်ရလေ့ရှိတယ်။ ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး မင်းတို့ ဘယ်လို ခံစားရသလဲ”လို့ မေးမြန်းခဲ့တာပါ။

ဒီအခါမှာတော့ Jennie က ပထမဆုံး သူမတို့ရဲ့ ခံစားချက်အမှန်ကို ဖွင့်ဟခဲ့ပါတယ်။ “ဒီလိုချီးကျူးမှုအတွက် ပထမဆုံး ကျွန်မတို့ ဂုဏ်ယူမိပါတယ်။ အစကတည်းက ကျွန်မတို့ လိုချင်ခဲ့တဲ့အရာလေ”လို့ Jennie က ဖွင့်ဟခဲ့ပါတယ်။

ဒါပေမဲ့ နောက်ဆက်တွဲအနေနဲ့ လူတွေက သူမတို့ကို အမှန်တကယ် ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ သိရဖို့ ခက်ခဲကြောင်း ဆိုခဲ့ပါတယ်။ “ဘယ်လိုလူတွေက ကျွန်မတို့ကို အဲဒီလို ခေါ်ဆိုနေသလဲဆိုတာ သိရဖို့ ခက်ပါတယ်။ ဒီအတွက် ကျွန်မတို့ တာဝန်ကြီးလာပြီး ဖိအားလည်း များလာပါတယ်။ ပရိသတ်တွေပေးတဲ့ ချစ်ခြင်းနဲ့ အားပေးမှုတွေကြောင့် ဒီလိုမျိုး ပြုလုပ်နိုင်တာပါ”လို့ Jennie က ဆိုခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ BLACKPINK ကို ကမာၻနဲ႔ယွဥ္ၿပီး ခိုင္းႏိႈင္းခ်ီးက်ဴးေနမႈေတြကို Jennie ဘယ္လိုျမင္သလဲ

— -BLACKPINK ကို ကမာၻ႔ယွဥ္ၿပီး ခ်ီးက်ဴးေနမႈေတြအေပၚ Jennie တစ္ေယာက္ အမွန္တကယ္ ေပ်ာ္႐ႊင္ေနရဲ႕လား…..

BLACKPINK ဟာ ဒီဘက္ႏွစ္ေနာက္ပိုင္း အံ့အားသင့္ဖြယ္ ေအာင္ျမင္မႈေတြကို ေျမာက္မ်ားစြာ ရယူထားႏိုင္ၾကတဲ့အဖြဲ႕ပါ။

စံခ်ိန္ေပါင္းမ်ားစြာ ခ်ိဳးဖ်က္ႏိုင္ခဲ့သလို Billboard Artist 100 chart ဝင္တဲ့ ပထမဆုံး K-pop အမ်ိဳးသမီးအဖြဲ႕အျဖစ္လည္း မွတ္တမ္းဝင္ထားခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ BLACKPINK ကို ကမာၻနဲ႔ယွဥ္ၿပီး “The Biggest Girl Group In The World” ဆိုၿပီး ခ်ီးက်ဴးမႈေတြ ရွိေနပါတယ္။

တေလာက Forbes‘ Hugh McIntyre ရဲ႕ အင္တာဗ်ဴးမွာေတာ့ အဲဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး BLACKPINK အဖြဲ႕ အေမးခံခဲ့ရပါတယ္။ “BLACKPINK အဖြဲ႕ကို “The Biggest Girl Group In The World” ဆိုၿပီး ခ်ီးက်ဴးေနတာေတြ ျမင္ရေလ့ရွိတယ္။ ဒီေခါင္းစဥ္နဲ႔ ပတ္သက္ၿပီး မင္းတို႔ ဘယ္လို ခံစားရသလဲ”လို႔ ေမးျမန္းခဲ့တာပါ။

ဒီအခါမွာေတာ့ Jennie က ပထမဆုံး သူမတို႔ရဲ႕ ခံစားခ်က္အမွန္ကို ဖြင့္ဟခဲ့ပါတယ္။ “ဒီလိုခ်ီးက်ဴးမႈအတြက္ ပထမဆုံး ကြၽန္မတို႔ ဂုဏ္ယူမိပါတယ္။ အစကတည္းက ကြၽန္မတို႔ လိုခ်င္ခဲ့တဲ့အရာေလ”လို႔ Jennie က ဖြင့္ဟခဲ့ပါတယ္။

ဒါေပမဲ့ ေနာက္ဆက္တြဲအေနနဲ႔ လူေတြက သူမတို႔ကို အမွန္တကယ္ ဘယ္လိုသတ္မွတ္ၾကသလဲဆိုတာ သိရဖို႔ ခက္ခဲေၾကာင္း ဆိုခဲ့ပါတယ္။ “ဘယ္လိုလူေတြက ကြၽန္မတို႔ကို အဲဒီလို ေခၚဆိုေနသလဲဆိုတာ သိရဖို႔ ခက္ပါတယ္။ ဒီအတြက္ ကြၽန္မတို႔ တာဝန္ႀကီးလာၿပီး ဖိအားလည္း မ်ားလာပါတယ္။ ပရိသတ္ေတြေပးတဲ့ ခ်စ္ျခင္းနဲ႔ အားေပးမႈေတြေၾကာင့္ ဒီလိုမ်ိဳး ျပဳလုပ္ႏိုင္တာပါ”လို႔ Jennie က ဆိုခဲ့ပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page