K pop
■ Baekhyun ကြောင့်ရည်းစားကို ဖြတ်ခဲ့တဲ့ EXO-L တစ်ယောက်ရဲ့ဇာတ်လမ်း
-UNICODE
– – – ဒီဇာတ်လမ်းဟာ Netizen တွေကြားမှာ ရေပန်းစားနေပြီး အမြင်အမျိုးမျိုး ကွဲပြားနေကာ….
တလောတုန်းက K-pop ပရိသတ်တွေကြားမှာEXOL တစ်ယောက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာက ရေပန်းစားနေခဲ့တာပါ။
“ကျွန်မရဲ့သူငယ်ချင်းက သူ့ရည်းစားကောင်လေးကို စွန့်ပစ်ရတဲ့အကြောင်းရင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပရိသတ်တစ်ယောက်က Post တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကတော့ Baekhyun ကြောင့် ရည်းစားကို ဖြတ်ခဲ့တဲ့အကြောင်းပါပဲ။
အဲဒီပရိသတ်ရဲ့ ရေးသားချက်အရ သူမရဲ့ သူငယ်ချင်းက EXO-L ဖြစ်ပြီး Baekhyun ရဲ့ Bias လို့ သိရပါတယ်။ EXO နဲ့ Baekhyun အပေါ် အားပေးမှုကို သူမရဲ့ချစ်သူက အရာရာ နားလည်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရည်းစား သက်တမ်း (၅၀၆) ရက်နေ့မှာတော့ ကောင်မလေးက သူ့ချစ်သူကောင်လေးကို ဖြတ်ခဲ့ပါတယ်။
အကြောင်းကတော့ Baekhyun ရဲ့ မွေးနေ့ဖြစ်တဲ့ မေလ ၆ ရက် (05.06) ကို အခြေခံပြီး အဲဒီနေ့က Baekhyun Day ဖြစ်သင့်တယ်လို့ ကောင်မလေးက ယူဆခဲ့တာကြောင့်ပါ။ ဒါကြောင့် သူမဟာ တွေးတဲ့အတိုင်း ချစ်သူကောင်လေးကို အဲဒီနေ့မှာ ဖြတ်ပစ်လိုက်တာပါပဲ။
ဒီဇာတ်လမ်းကိုကြားပြီးနောက် Netizen တွေက အံ့အားသင့်ခဲ့ကြပြီး မှတ်ချက်တွေ အမျိုးမျိုး ရေးသားခဲ့ကြပါတယ်။ “ငါသာ သူမရဲ့ကောင်လေးကို ဖြတ်ပစ်လိုက်ပြီ” “သူ့ရဲ့ရည်းစားကောင်လေးကတော့ တော်တော်လေ့ ရှော့ခ်ရသွားမှာပဲ”စသဖြင့် မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
■ Baekhyun ကြောင့်ရည်းစားကို ဖြတ်ခဲ့တဲ့ EXO-L တစ်ယောက်ရဲ့ဇာတ်လမ်းကိုကြားပြီး Netizens တွေ အံ့အားသင့်
Ref: Koreaboo
You cannot copy content of this page