K pop

■ အောင်မြင်ဖို့ ခက်ခဲလှတဲ့ Saturday Audition ကနေတစ်ဆင့် SM Entertainment ကို ရောက်ရှိလာခဲ့ကြတဲ့ Idol (၈) ဦး

– – -ဒါကြောင့် ဒီ Idol တွေဟာ အရည်အချင်း ပြည့်ဝစွာနဲ့ SM Entertainment ကို ရောက်လာကြတာဖြစ်ပြီး….

K-pop နယ်ပယ်မှာ Idol တစ်ယောက်ဖြစ်ဖို့ မပြောနဲ့ သင်တန်းသူ၊ သင်တန်းသားဖြစ်ဖို့တောင် ခက်ခဲတဲ့ အပိုင်းတွေ ရှိပါတယ်။

ထိပ်တန်းအေဂျင်စီကြီးတွေမှာ သင်တန်းသား၊ သင်တန်းသူဖြစ်ဖို့ဆိုတာ အတိုင်းအတာတစ်ခုအထိ အတားအဆီးတွေကို ကျော်ဖြတ်ရပါသေးတယ်။ တောင်ကိုရီးယားရဲ့ ထိပ်တန်းအေဂျင်စီတစ်ခုဖြစ်တဲ့ SM ဟာ အပတ်စဉ် စနေနေ့တိုင်း Public Audition ပြုလုပ်လေ့ရှိပါတယ်။

အဲဒီ Audition မှာ အသက်အရွယ်မရွေး၊ လူမျိုးမရွေး ပါဝင်ယှဉ်ပြိုင်ခွင့် ရှိပါတယ်။အဲဒီ Saturday Audition ဟာ အောင်မြင်ဖို့ရာ အင်မတန် အလွန်ခက်ခဲလှတာပါ။ အဲဒီလို အောင်မြင်ဖို့ ခက်ခဲလှတဲ့ Saturday Audition ကနေတစ်ဆင့် SM ကို ဝင်ရောက်လာနိုင်ကြတဲ့ Idol တွေ ရှိနေပြီး သူတို့ကို အောက်ပါအတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Super Junior’s Heechul

Girls’ Generation’s YoonA

SHINee’s Taemin

Red Velvet’s Seulgi

Red Velvet’s Yeri

NCT’s Haechan

NCT’s Jungwoo

aespa’s Giselle

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page