K pop

■ အတိုအပြတ် အဝတ်အစားတွေကြောင့် ပွဲတွေမှာ မသက်မသာ ဖြစ်ခဲ့ရဖူးတဲ့ နာမည်ကျော် အမျိုးသမီး Idol များ

– – ဒီအမျိုးသမီး Idol တွေဟာ ဒီအဝတ်အစားတွေကြောင့် မသက်မသာဖြစ်နေခဲ့တာကို တွေ့ရမှာဖြစ်ပြီး…..

Joy

Red Velvet အဖွဲ့ဝင် Joy ဟာ Mini Dress ဝတ်ဆင်တာရှားပြီး တစ်ခါက ပွဲတစ်ခုမှာ အဲဒီဝတ်စုံကြောင့် မသက်မသာဖြစ်ခဲ့တာကို တွေ့ရမှာပါ။

Nancy

MOMOLAND အဖွဲ့ဝင် Nancy ကလည်း တစ်ခါက စကတ်တိုတိုကြောင့် ဖျော်ဖြေပွဲတစ်ခုမှာ မသက်မသာဖြစ်ခဲ့ဖူးပြီး ခဏခဏ စကတ်ကို အောက်ဆွဲချနေတာကို တွေ့ရပါတယ်။

GFriend

GFriend အဖွဲ့ဟာ တစ်ခါက အားကစားဝတ်စုံ တိုတိုလေးတွေနဲ့ ဖျော်ဖြေမှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Sinb နဲ့ Umji တို့ဟာ မသက်မသာဖြစ်နေတာ တွေ့ခဲ့ရပြီး ဘောင်းဘီကို ခဏခဏ ဆွဲချနေခဲ့တာပါ။

Sixbomb

Sixbomb အဖွဲ့ဟာ အတွင်းခံနဲ့ ဆင်တူတဲ့ ဘောင်းဘီတိုတိုကို ဝတ်ဆင်ခဲ့ရာမှာတော့ အဖွဲ့ဝင်တွေက မသက်မသာဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

Jihyo

 

TWICE အဖွဲ့ခေါင်းဆောင် Jihyo ဟာ Fansign ပွဲတစ်ခုမှာ လည်ဟိုက်ကို ဝတ်ဆင်ခဲ့ပါတယ်။ အဲဒီအခါ Jihyo ဟာ မသက်မသာဖြစ်နေခဲ့ပြီး ပရိသတ်တွေပေးတဲ့ လက်ဆောင်တွေနဲ့ ခဏခဏ ကွယ်နေခဲ့တာကို တွေ့ရပါတယ်။

Nayeon

Nayeon ကလည်း Jihyo လို အဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးတာပါ။ Nayeon ကလည်း ပွဲတစ်ခုမှာ လည်ဟိုက်အင်္ကျီကြောင့် မသက်မသာဖြစ်နေပြီး သူမရဲ့ဆံပင်နဲ့ကွယ်ဖို့ ကြိုးပမ်းနေခဲ့တာပါ။

-Chi Ko

Ref: Koreaboo

  • Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page