K pop

■ Lisa ရဲ့ နဖူး၊ BLINKs တွေ ရူး

— – – လူတိုင်း စောင့်စားနေတဲ့ အခိုက်အတန့်ဟာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ …

Bangs (နဖူးပေါ် ဆံပင်ချထားသည့်ပုံစံ)လေးနဲ့ အမြဲဖုံးအုပ်ထားတဲ့ Lisa ရဲ့ နဖူးဟာ မြင်ရခဲတဲ့အရာတစ်ခုပါ။ လူတွေက မမြင်ရတာကို မြင်ချင်တယ်။ မကြည့်နဲ့ဆိုတာကို ကြည့်ချင်တယ်ဆိုတဲ့ ဝသီအတိုင်း Lisa ရဲ့ မြင်ရခဲတဲ့ မဟာနဖူးကို မြင်ချင်ကြတာ အပြစ်တော့ မဆိုသာပါဘူး။

သိပ်မကြာခင်ကတော့ Lisa ဟာ သူမရဲ့ နဖူးကို တစ်ခွန်းတစ်စ ထုတ်ဖော်ပြသခဲ့ပါတယ်။ ပရိသတ်တွေကို နှုတ်ဆက်တဲ့အခါ Lisa ရဲ့ နဖူးကို မြင်တွေ့ခဲ့ရတာပါ။

Lisa ရဲ့ နဖူးကို အမြဲဖုံးအုပ်ထားတဲ့ Bangs ဟာ ဒီတစ်ခါမှာတော့ အလယ်ခွဲပုံစံမျိုးဖြစ်သွားပြီး သူမရဲ့ နဖူးဟာ သူမရဲ့ လုံးဝိုင်းတဲ့ မျက်လုံးတွေနဲ့ အံ့ကိုက်ဖြစ်ပါတယ်။

ဒါ့အပြင် Lisa ဟာ Live Boardcast တစ်ခုမှာလည်း သူမရဲ့ နဖူးကို လှစ်ဟပ်ပြသခဲ့ပြီး မျက်နှာအနီးကပ်အနေအထားနဲ့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့တာပါ။

အဲဒီပုံရိပ်တွေကို မြင်တွေ့ပြီးနောက်မှာတော့ Netizens တွေက “ကိုယ်တော့ ရူးပြီ”

“ချောလိုက်တာ” “ဘာဘီအရုပ်လေး” “အဲလောက် ချောနေမှာတော့ ဒီက ရူးရပြီပေါ့”စတဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

— ဃဲ
Source: Nate Pann

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page