— – – ဒါကြောင့် နည်းနည်းတော့ စိတ်ပျက်ရတယ်လို့ RM က ဆိုပါတယ်။
BTS အဖွဲ့ဟာ Cultwo Show မှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့တုန်းက အဖွဲ့ခေါင်းဆောင် RM က သူ့ရဲ့ အချစ်တော်ခွေးလေး Rap Mon လမ်းလျှောက်ထွက်တဲ့အခါ မကြာခဏဆိုသလို၊ စိတ်ညစ်ရတဲ့အကြောင်းရင်းကို ပြောပြခဲ့ပါတယ်။
အဲဒီအစီအစဉ်မှာ RM ဆီကို ပရိသတ်တစ်ယောက်က “ကျွန်မ အူလ်ဆန်ကို သွားလည်တုန်းက RM ကို သူ့အမေနဲ့ တွေ့ခဲ့ပါတယ်။ သူတို့ဟာ ပျော်ရွှင်ရယ်မောရင်း လမ်းလျှောက်နေကြတာဆိုတော့ ကျွန်မလည်း နှုတ်ဆက်ချင်ပေမဲ့ အနှောင့်အယှက်ဖြစ်မှာစိုးလို့ အဝေးကပဲ ကြည့်ပြီး ပြန်လာခဲ့ပါတယ်”လို့ ရေးသားထားပါတယ်။
RM က သူဟာ အားလပ်ရက်တွေမှာ သူ့အမေနဲ့ လမ်းလျှောက်လေ့ရှိကြောင်းနဲ့ သူ့ရဲ့အချစ်တော်ခွေးလေး Rap Mon အကြောင်းကိုလည်း တစ်စိတ်တစ်ဒေသ ပြောပြခဲ့တာပါ။
“ကျွန်တော်တို့မှာ Rap Mon လို့ခေါ်တဲ့ ခွေးလေးတစ်ကောင် ရှိပါတယ်။ ကျွန်တော် သူ(ခွေလေး Rap Mon)နဲ့ လမ်းလျှောက်ထွက်တဲ့အခါတိုင်း လူတွေက ကျွန်တော့်ကို စိတ်မဝင်စားဘဲ Rap Mon ကိုပဲ စိတ်ဝင်စားကြတယ်။ အဲဒီအတွက် ကျွန်တော် နည်းနည်းတော့ စိတ်ပျက်မိပါတယ်။ အခု ကျွန်တော့်ကို မှတ်မိတယ်ဆိုတော့ ကျေးဇူးတင်ပါတယ်”လို့ RM က ပြောဆိုခဲ့ပါတယ်။
— ဃဲ
Ref: Cultwo Show
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***