K pop

■ အကြိုက်ဆုံး အဆိုတော်နဲ့ Collab လုပ်ဖို့ တေ့လွဲလွဲခဲ့တဲ့ Suga

– – -Suga ဟာ သူအကြိုက်ဆုံး အဆိုတော်နဲ့ Collab လုပ်နိုင်ဖို့ နီးစပ်ခဲ့ပေမဲ့လည်း ကံမကောင်းစွာ…

MBC Radio‘s Bae Cheol Soo ရဲ့ Music Camp ကို BTS အဖွဲ့ ဧည့်သည်အဖြစ်လာရောက်တဲ့အချိန်မှာ အဖွဲ့ဝင်တွေက ဂီတနဲ့ပတ်သက်ပြီး သူတို့အကြိုက်ဆုံးအဆိုတော်တွေကို ဖွင့်ဟခဲ့ပါတယ်။

Suga က အကြိုက်ဆုံးနဲ့ သူ့အပေါ် လွှမ်းမိုးမှု အရှိဆုံးအဆိုတော်ကတော့ Rapper T.I ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါတင်မကပါဘူး။ Suga ဟာ သူနဲ့ Rapper T.I တို့နှစ်ယောက် Collab လုပ်ဖို့ နီးစပ်ခဲ့တဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒါဟာ ကံမကောင်းစွာနဲ့ ဖြစ်မလာခဲ့ဘူးလို့ Suga က ဆိုခဲ့ပါတယ်။ “ကျွန်တော့်အနေနဲ့ T.I.နဲ့ Remix လုပ်ဖို့ အမှန်တကယ် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် မလုပ်နိုင်ခဲ့ဘူး။ သူက ကျွန်တော့်ရဲ့ Mixtape မှာ ပါဝင်ဖို့ လုပ်ဆောင်ခဲ့ပေမဲ့ timing မကိုက်လို့ အလုပ်မဖြစ်ခဲ့ဘူး”လို့ Suga က ထုတ်ဖော်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ BTS အဖွဲ့ဟာ ကမ္ဘာ့အဆင့် အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့ပြီဖြစ်ပြီး K-pop ရေစီးကြောင်းကို ကမ္ဘာ့အနှံ့ ထိုးဖောက်ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ အႀကိဳက္ဆံုး အဆိုေတာ္နဲ႔ Collab လုပ္ရဖုိ႔ ေတ့လြဲလြဲခဲ့ရတဲ့အေၾကာင္း Suga ဖြင့္ဟ

– – -Suga ဟာ သူအႀကိဳက္ဆုံး အဆိုေတာ္နဲ႔ Collab လုပ္ႏိုင္ဖို႔ နီးစပ္ခဲ့ေပမဲ့လည္း ကံမေကာင္းစြာ…

MBC Radio‘s Bae Cheol Soo ရဲ႕ Music Camp ကို BTS အဖြဲ႕ ဧည့္သည္အျဖစ္လာေရာက္တဲ့အခ်ိန္မွာ အဖြဲ႕ဝင္ေတြက ဂီတနဲ႔ပတ္သက္ၿပီး သူတို႔အႀကိဳက္ဆုံးအဆိုေတာ္ေတြကို ဖြင့္ဟခဲ့ပါတယ္။

Suga က အႀကိဳက္ဆုံးနဲ႔ သူ႔အေပၚ လႊမ္းမိုးမႈ အရွိဆုံးအဆိုေတာ္ကေတာ့ Rapper T.I ျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။ ဒါတင္မကပါဘူး။ Suga ဟာ သူနဲ႔ Rapper T.I တို႔ႏွစ္ေယာက္ Collab လုပ္ဖို႔ နီးစပ္ခဲ့တဲ့အေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

ဒါေပမဲ့ ဒါဟာ ကံမေကာင္းစြာနဲ႔ ျဖစ္မလာခဲ့ဘူးလို႔ Suga က ဆိုခဲ့ပါတယ္။ “ကြၽန္ေတာ့္အေနနဲ႔ T.I.နဲ႔ Remix လုပ္ဖို႔ အမွန္တကယ္ လုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ မလုပ္ႏိုင္ခဲ့ဘူး။ သူက ကြၽန္ေတာ့္ရဲ႕ Mixtape မွာ ပါဝင္ဖို႔ လုပ္ေဆာင္ခဲ့ေပမဲ့ timing မကိုက္လို႔ အလုပ္မျဖစ္ခဲ့ဘူး”လို႔ Suga က ထုတ္ေဖာ္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ BTS အဖြဲ႕ဟာ ကမာၻ႔အဆင့္ ေအာင္ျမင္မႈေတြ ရယူထားႏိုင္ခဲ့ၿပီျဖစ္ၿပီး K-pop ေရစီးေၾကာင္းကို ကမာၻ႔အႏွံ႔ ထိုးေဖာက္ေပးေနတဲ့ အဖြဲ႕တစ္ဖြဲ႕လည္း ျဖစ္ပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page