K pop
■ စက်ရုံအလုပ်သမားအဖြစ် ဟန်ဆောင်ပြီး ပရိသတ်တွေကို ပဟေဠိဝှက်ခဲ့တဲ့ Kai
– – – Kai ဟာ သူ့ကိုယ်သူ စက်ရုံအလုပ်သမားအဖြစ် ဟန်ဆောင်ခဲ့ပေမဲ့လည်း..
The Adventures of Young-Ji ရဲ့ နောက်ဆုံးအပိုင်းမှာ Young Ji ဟာ Album CD တွေ ဘယ်လိုထုပ်ပိုးသလဲဆိုတာ သိရဖို့ စက်ရုံကို သွားရောက် လေ့လာခဲ့ပါတယ်။
အဲဒီမှာ Young Ji က EXO အဖွဲ့ဝင် Kai ရဲ့ အသစ်ထွက် Solo Mini Album KAI (开) ထုတ်လုပ်မှုကို သွားရောက်လေ့လာခဲ့ပြီး သူမကိုယ်တိုင် ထုပ်ပိုးခဲ့တာ ဖြစ်ပါတယ်။ Youg Ji ဟာ စိတ်ပါလက်ပါနဲ့ CD တွေကို အာရုံစိုက်ထုတ်ပိုး နေခဲ့တာပါ။
အဲဒီအချိန်မှာ သူမအနားကို နေကာမျက်မှန်၊ ဆံပင်ရွှေရောင်ဆိုးထားပြီး စက်ရုံအလုပ်သမားဝတ်စုံ ဝတ်ထားတဲ့လူတစ်ယောက် ရောက်လာခဲ့ပါတယ်။ သူကတော့ တခြားမဟုတ်ဘဲ Kai ပဲ ဖြစ်ပါတယ်။ Young Ji ဟာ စမြင်ကတည်းက Kai မှန်း သိခဲ့ပါတယ်။
ဒါကြောင့် Kai ရဲ့ ဓာတ်ပုံတစ်ပုံကို လက်ညှိုးထိုးပြပြီး အရမ်းလှတယ်လို့ ဆိုခဲ့ရာမှာတော့ Kai က ဓာတ်ပုံထဲကလူမှာ သူမဟုတ်ကြောင်း၊ သူက Kai ရဲ့ ပရိသတ်သာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ အဲဒီနောက် Young Ji က Kai ကို ကိုယ်တိုင် ပါကင်ထုတ်ပိုးကြည့်ဖို့ ပြောခဲ့ပါတယ်။
Kai က ပါကင်ထုပ်ပိုးတဲ့အရာ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ပြီး ဒါတွေသာ ကွဲသွားရင် လျော်ရမယ်လို့ Young Ji က အရွှန်းဖောက်ခဲ့ပါသေးတယ်။ အဲဒီနောက် အခန်းထဲမှာ Kai က အလုပ်သမားဝတ်စုံကို ချွတ်လိုက်ပြီး သူ့ရဲ့သရုပ်မှန်ကို ပြသလိုက်ရာမှာတော့ Young Ji က အလွန်အံ့အားသင့်သွားတာ တွေ့ရပါတယ်။
တကယ့်ကို ကြည်နူးစရာ အခိုက်အတန့်လေးဖြစ်ပြီး EXO-L တွေကတော့ Kai တစ်ယောက် အလုပ်သမားဝတ်ရုံနဲ့ ဖုံးထားခဲ့ပေမဲ့ စတင်မြင်တာနဲ့ Kai မှန်း တန်းသိခဲ့တယ်လို့ ဆိုခဲ့ကြပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
■ စက်ရုံအလုပ်သမားအဖြစ် ပုံတူဖမ်းပြီး ပရိသတ်တွေကို ပဟေဠိ ၀ှက်ခဲ့တဲ့ Kai
Ref: Koreaboo
You cannot copy content of this page