K pop

■ ၂၀၂၁ မှာ BLACKPINK အဖွဲ့ ဘာလုပ်မလဲဆိုတာကို ဖွင့်ဟခဲ့တဲ့ Jennie

— – – ဒီနှစ်ကို BLACKPINK အဖွဲ့ဝင်တွေ စိတ်ကျေနပ်မှုရှိရဲ့လား။ ၂၀၂၁ မှာရော BLACKPINK အဖွဲ့ ဘာတွေ စီစဉ်ထားလဲ …

COVID-19 ကပ်ဘေးကြောင့် ၂၀၂၀ ပြည့်နှစ်ဟာ လူတိုင်းအတွက် ခက်ခဲတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့တာတော့ သေချာပါတယ်။ ဒါပေမဲ့ ဒီလို အခြေအနေတွေထဲမှာပဲ အောင်မြင်ခဲ့တဲ့သူတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ BLACKPINK လည်း အပါအဝင်ဖြစ်ပါတယ်။

ဒီနှစ်အတွင်း ထုတ်ခဲ့တဲ့ သူတို့ရဲ့ ပထမဆုံး Studio Album ဟာ အမျိုးသမီးအဆိုတော်အဖွဲ့ သမိုင်းတစ်လျှောက် စံချိန်တင်တဲ့အထိ အောင်မြင်ခဲ့တာကြောင့် မီဒီယာတွေက သူတို့ကို ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အမျိုးအဖွဲ့လို့တောင် တင်စားခဲ့ကြတာပါ။

Forbes နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ၂၀၂၁ မှာ BLACKPINK အဖွဲ့ ဘာတွေလုပ်မလဲဆိုတဲ့ မေးခွန်းတစ်ခု ပါဝင်ခဲ့ပါတယ်။

အဲဒီမေးခွန်းကို Jennie က “ဒီမေးခွန်းက ဖြေဖို့ ခက်ပါတယ်။ ဒီနှစ်ကတော့ BLACKPINK အတွက် အလုပ်များတဲ့ နှစ်ပါပဲ။ ကျွန်မတို့အနေနဲ့ ၂၀၂၀ ကို Online Concert နဲ့ ပိတ်သိမ်းရမှာဖြစ်လို့ ကျေနပ်ပါတယ်။ ပြီးတော့ ၂၀၂၀ မှာ အားလုံး ပျော်ရွှင်ကြဖို့လည်း ကျွန်မတို့ မျှော်လင့်ပါတယ်။

၂၀၂၁ ကတော့ အလွန်ကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မယ်။ ကျွန်မတို့ စိတ်ထဲမှာ ပထမဆုံးပေါ်လာတာ ကျွန်မတို့ရဲ့ ပရိသတ်တွေပါပဲ။ သီချင်းကောင်းတဲ့ ဖန်တီးပြီး ပရိသတ်တွေနဲ့ အခုထက်ပိုပြီး ဆက်သွယ်နိုင်ဖို့ ကျွန်မတို့ ကြိုးစားသွားမှာပါ”လို့ ဆိုခဲ့ပါတယ်။

— ဃဲ
Source: Forbes & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page