K pop

■ အကသမားတွေနဲ့ အကဝါသနာပါသူတွေအတွက် အလွန်အသုံးတည့်မယ့် Kai ရဲ့ နည်းလမ်း

— – – Kai ကတော့ ဒါဟာ အကအားလုံးရဲ့ အခြေခံဖြစ်တယ်လို့ ဆိုပါတယ်။

ခက်ခက်ခဲခဲ မဟုတ်ပေမဲ့ ဒါနဲ့ပတ်သက်လို့ အကကို စိတ်ဝင်စားသူတွေအနေနဲ့ Kai ရဲ့ နည်းလမ်းကို မသိဘူးဆိုရင်တောင် ခံစားမိမယ်လို့ ထင်ပါတယ်။

EXO အဖွဲ့ဝင် Kai ဟာ အဖွဲ့ပြင်ပမှာလည်း သူငယ်ချင်းတွေ ရှိသူဖြစ်ပါတယ်။ Kai ရဲ့ သူငယ်ချင်းအဖွဲ့မှာ BTS Jimin, HOTSHOT Moongyu, SHINee Taemin နဲ့ Ha Sungwoon တို့အပြင် Cele မဟုတ်တဲ့ Kwonho ဆိုတဲ့ ငယ်သူငယ်ချင်းတစ်ယောက်လည်း ပါဝင်ပါတယ်။

Kai ဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Kwonho ကို EXO အဖွဲ့ရဲ့ နာမည်ကျော်သီချင်းဖြစ်တဲ့ “Tempo” ကကွက်တွေကို သူကိုယ်တိုင် ကြီးကြပ်ပြီး သင်ကြားပေးခဲ့တာပါ။

အဲဒီလို သင်ပေးရာမှာ Kwonho ဟာ အစပိုင်းတုန်းက Kai သင်ပေးသလို လိုက်ကဖို့ ခက်ခဲနေခဲ့ပါတယ်။ အဲဒီမှာ Kai က လျှို့ဝှက်လက်နက်ကို သုံးခဲ့တာပါ။ Kai ကတော့ ဒါဟာ အကအားလုံးရဲ့ အခြေခံဖြစ်တယ်လို့ ဆိုပါတယ်။

Kai သုံးခဲ့တဲ့ လျှို့ဝှက်လက်နက်ကတော့ တခြားမဟုတ်ပါဘူး။ ဦးထုပ်ပဲ ဖြစ်ပါတယ်။ အကကတဲ့အခါမှာ ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းလိုက်မယ်ဆိုရင် ပတ်ဝန်းကျင်ကို သိပ်မြင်ရတော့မှာမဟုတ်ပါဘူး။

အဲဒါက ကိုယ့်ရဲ့ မလုံခြုံတဲ့စိတ်ကို ဖယ်ရှားပေးပြီး ယုံကြည်မှုကို ပိုတိုးစေတယ်လို့ Kai က ဆိုပါတယ်။

ဆက်ပြီးတော့ Kai က ဦးထုပ်ဝတ်ထားမယ်ဆိုရင် ကိုယ့်ကကွက်တွေကို တွက်ချက်နိုင်သလို၊ မှန်ကိုလည်း အနည်းငယ်ပဲ မြင်တွေ့နိုင်မယ်လို့ ဆိုပါတယ်။ ဒါက အကကတဲ့အခါ စိတ်အနှောင့်အယှက်မဖြစ်စေတော့ဘဲ စိတ်ကို လွတ်ကာ ကနိုင်တဲ့အတွက် အကဟာ ပိုကောင်းလာတယ်လို့ ဆိုပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page